
ထို့ကြောင့် အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ သွားရောက်ခဲ့ရာ အသက် ၄၅ နှစ်ခန့် အမျိုးသားတစ်ဦးသည် အရိုး ၇ လက်မ၊ အသွား ၁၉ လက်မရှိ ငှက်ကြီးတောင် ဓားအရှည်တစ်ချောင်းဖြင့် လမ်းသွားလမ်းလာများကို ရန်ပြုတိုက်ခိုက်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဓားချပြီး အဖမ်းခံရန်ပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ရဲတပ်ဖွဲ့ဝင်များကိုပါ ပြန်လည်ရန်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓားချရန် နောက်ဆုံးအကြိမ်ပြောဆိုခြင်းဖြစ်ပြီး မလိုက်နာပါက သေနတ်ဖြင့်ပစ်ခတ်မည်ဟု ပြောဆိုသော်လည်း လိုက်နာခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ညာဘက်ခြေမျက်စိ ထိမှန်သော်လည်း ဆက်လက်ရန်ပြုနေသဖြင့် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု အမှတ်(၁)ရဲစခန်းမှသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁)ရဲစခန်းမှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ "၁၉၉ ကိုလည်း အကြောင်းကြားသလို စခန်းကိုလည်းဆက်သွယ်လာလို့ ကျွန်တော်တို့ နယ်ထိန်းလှည့်ကင်းရဲတပ်ဖွဲ့တွေ သွားရောက်ခဲ့ပါတယ်။ ဖမ်းဆီးမှုကို လက်မခံဘဲ ပြန်လည်ခုခံတဲ့အတွက် ခြေထောက်အောက်ပိုင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါကိုလည်း မနာခံဘဲ ဓားနဲ့ပြန်ခုခံနေသေးတာ။ အဲဒါနဲ့ နောက်တစ်ချက်ထပ်ပစ်မှ ဓားသိမ်းလို့ရတယ်။ ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်။ ခုထိတော့ ဓားကိုင်ရမ်းကားသူ ဘယ်သူဆိုတာ မသိရသေးဘူး။မှတ်ပုံတင်တခုနဲ့ လားရှိုး-မန်းလေး ရထားစီးလာတဲ့ လက်မှတ်တစောင်တော့တွေ့ရတယ်။ မှတ်ပုံတင်က ပုံမပါဘူး။ မှတ်ပုံတင်အရ မန်းလေးလိပ်စာတော့ မဟုတ်ဘူး။မှတ်ပုံတင်ပါလိပ်စာကိုတော့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်"ဟု ရဲအုပ်ကံအောင်မြင့်က ပြောကြားခဲ့သည်။
မန္တလေးမြို့တွင် ဆက်တိုက်ဖြစ်ပွားနေသော အဆိုပါ ဓားကိုင်ရမ်းမှု ဖြစ်စဉ်များ ပပျောက်စေရေးအတွက် မေလ ၅ ရက်နေ့မှစတင်ပြီး စီမံချက်ချကာ ညစဉ်အရပ်ဝတ်များဖြင့် အသွင်ယွင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ မေလ ၁၂ ရက်နေ့အထိ ၇ ရက်အတွင်း အမှုပေါင်း ၁၁၆မှု၊ တရားခံ၂၂၅ဦး ဖမ်းမိထားသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment