Pages
Saturday, May 18, 2019
ရှင်ကျန်ပြည်နယ်မှာ တက္ကသိုလ်ဝင်ခွင့်ကို ဖြေလျှော့ပေး
တရုတ်နိုင်ငံ၊ ရှင်ကျန်ပြည်နယ်မှာ မျိုးနွယ် ဘာသာ မတူတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေ အဆင်ပြေစေဖို့ တက္ကသိုလ် ဝင်ခွင့်တွေကို ဖြေလျှော့ပေးလိုက်ပါတယ်။ မွတ်စလင် အများစုရှိတဲ့ ရှင်ကျန်ပြည်နယ်မှာ နှိပ်ကွပ်မှုတွေ လုပ်နေတာကို ဖုံးဖိဖို့ အခုလို လုပ်ဆောင်တာလို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပဋိပက္ခတွေ ဖြစ်ပြီးနောက် တရုတ်အာဏာပိုင်တွေက ရှင်ကျန်ပြည်နယ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး မွတ်စလင် ၁ သန်းလောက်ကို ပြုပြင်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကတော့ အူဂါ မွတ်စလင်တွေနဲ့ ဟန် လူနည်းစုတွေကို နှိပ်ကွပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment