‘‘ပုဏ္ဏားကျွန်းနဲ့ ကျောက် တော်မှာရှိတဲ့ဒုက္ခသည်စခန်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပျက်စီးပါတယ်။ မိုးရွာလေတိုက် တဲ့အတွက်။ တဲအိမ်တွေအကုန် လုံးပျက်စီးတာတော့မဟုတ်ဘူး ပေါ့။ ဒါပေမဲ့ အမိုးတွေလန်ကုန် တာပေါ့။ အ၀တ်အစားတွေ၊ ဆန်တွေ၊ ထင်းတွေစိုကုန်တယ်။ ထမင်းချက်ဖို့အခက်အခဲဖြစ်တာ ပေါ့။ ဒီရာသီမှာတော့ဒီလိုမျိုးတဲ တွေနဲ့နေရင်ဒီလိုမျိုးအခက်အခဲ တွေကြုံရမှာပဲ’’ REC အတွင်းရေး မှူး ကိုဇော်ဇော်ထွန်းကပြော သည်။
မကြာမီမိုးကာလရောက်ရှိ မည်ဖြစ်၍ စစ်ရှောင်များ ယခု ထက်ပိုမိုအခက်ကြုံရမည် ဖြစ် ကြောင်း၊ စစ်ရှောင်များလုံခြုံ စိတ်ချရသည့် အမိုးအကာ အောက်ရောက်ရှိရေးဆောင်ရွက် ပေးရန် သက်ဆိုင်ရာတာဝန်ရှိ သူများအား တိုက်တွန်းသော် လည်း ထိရောက်စွာဆောင်ရွက် ပေးခြင်းမရှိကြောင်း REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။
‘‘တိုက်တွန်းတာလည်း ကြာ ပြီး။ လက်ရှိ ပဋိပက္ခရဲ့မြေပြင်အ နေအထားကလည်း တည်ငြိမ်နေ တဲ့ အနေအထားမှာ မရှိဘူး။ နောက်ပြီးတော့ မိုးဆိုတာက လည်း တစ်ပတ်အတွင်းလောက် ဆိုရင်မိုးကကျတော့မှာ။ အဲဒီအ ခါကျရင်ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူပြီး၊ အာမခံချက်ပေးပြီး တော့အမိုးအကာလုပ်ပေးဖို့ဆို တာစီမံချက်တွေမရှိဘူး။ CSO ဆိုတာကလည်း လုပ်ပေးဖို့ဆို တာ အကျပ်ရိုက်နေတာပေါ့။ တာဝန်ရှိတဲ့အစိုးရကလည်း သေ သေချာချာဆောက်ပေးမယ်ဆို တာအခုမှ စဉ်းစားနေတုန်းပဲရှိတဲ့ အခါကျတော့ စစ်ရှောင်တွေရဲ့ အနေအထားတွေက အင်မတန် စိုးရိမ်စရာဖြစ်နေတယ်’’ ဟု ၎င်း ကပြောသည်။ မေလ ၁၅ ရက်မွန်းလွဲက လည်း မြောက်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခြင်းကြောင့် စစ်ရှောင်စခန်း ၁၀ ခုထက်မနည်းလေပြင်းဒဏ် ခံရပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ သည်။ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့တိုက် ပွဲများကြောင့် ရခိုင်ဒေသခံပြည်သူ သုံးသောင်းကျော် စစ်ဘေးဒုက္ခ ကြုံနေရသည်။ စစ်ရေးပဋိပက္ခအ တွင်း အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ သည်။
No comments:
Post a Comment