
May 17, နံနက် ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၃၉/၄) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရေဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ စိုးသိန်း (၅၈) နှစ် မောင်းနှင်လာသော YGN 5Q/×××× ခရီးသည်တင်ယာဉ်အား လားရာတူနောက်မှ မြစ်သားမြို့၊ မင်းကုန်းရပ်ကွက်နေ ကျော်စိုးထွန်း (၄၉) နှစ် မောင်းနှင်လာသော YGN 1I/××××× ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်ရောက် တိုက်မိခဲ့ပြီး
လမ်းဘေးတွင်ရပ်ထားသော ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပုံကြီးကျေးရွာနေ တင်လင်း (၄၄) နှစ်မောင်းနှင်လာသည့် YGN 7E/×××× ခရီးသည်ယာဉ်အား ထပ်မံတိုက်မိခဲ့၍ YGN 1I/××××× ခရီးသည်တင်ယာဉ်ပေါ်ပါ မယုဇန (၁၈) နှစ် တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း ကျော်စိုးထွန်း အား ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်းယာဉ် (ပ)၁၁/ ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment