ကားဝယ်ယူသူတွေကိုတော့ warranty အနေနဲ့ ကီလိုမီတာ ၁ သိန်းမောင်းနှင်ခွင့်နဲ့ ၃ နှစ်အာမခံပေးထားတယ်လို့ ပြောပါတယ်။
ကားဝယ်ယူသူတွေအနေနဲ့ အဖြူရောင်၊ ငွေရောင်၊ အသားရောင်နဲ့ အပြာနုရောင်စတဲ့ အရောင် ၄ ရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Toyota Hiace GL ကို အခုလအတွင်း စတင်ဝယ်ယူမယ်ဆိုပါက ကီလိုမီတာ ၅၀၀၀ မောင်းနှင်ပြီးပါက အင်ဂျင်ဝိုင်အခမဲ့ လဲလှယ်ပေးတာတွေ၊ ကားစတစ်ကာမှန်ကပ်ရင် ၅၀ ရာခိုင်နှုန်းလျော့ပေးတာတွေနဲ့ ထိုင်ခုံလှဲလှယ်ရင် ၁၀ ရာခိုင်နှုန်း အလျော့ပေးသွားမယ်လို့ ဆိုပါတယ်။
Toyota Hiace GL ကားကိုတော့ ခရီးသွားလုပ်ငန်းတွေ၊ ရုံးကြိုပို့ကားတွေ၊ ကျောင်းကားတွေအနေနဲ့ အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။
No comments:
Post a Comment