Sunday, May 19, 2019

ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ မ၀င် ဆုံးဖြတ်မယ့် အစည်းအဝေး တက်ရောက်မယ့် အေးဝတ်ရည်သောင်း

ပုဂံဒေသကို ကမ္ဘာ့အ မွေအနှစ်စာရင်းဝင်၊ မ၀င်ဆုံး ဖြတ်မည့်ပွဲသို့ တက်ရောက်ရန် အစီအစဉ်ရှိကြောင်း သရုပ် ဆောင်အေးဝတ်ရည်သောင်းက ပြောသည်။ ‘‘ဆရာကျောင်း(မျိုးဆွေ သန်း)တို့ကလည်း ခေါ်တယ်။ အဲ ဒါကြောင့် ဒါက နှစ်တစ်ထောင်မှာ တစ်ကြိမ်ကြုံခေါင့်ကြုံခဲ။ ပုဂံက ကိုယ့်နိုင်ငံအတွက် အရမ်းအရေး ပါတယ်။ စိတ်လည်းဝင်စားတယ်။ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါချင်လို့ လိုက်သွားဖြစ်တာပါ’’ ဟု ၎င်းကပြောသည်။
ဇူလိုင်အတွင်း အဇာဘိုင် ဂျန်နိုင်ငံ၌ ပြုလုပ်မည့် 43 Session UNESCO Meeting တွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မ၀င်ဆုံးဖြတ်မည်ဖြစ် ပြီး ယင်းပွဲသို့နှလုံးသားထဲက ပုဂံ အဖွဲ့ဝင်များအပါအ၀င် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များက ကိုယ့် စရိတ်နှင့်ကိုယ်သွားရောက်မည် ဖြစ်ကြောင်း ဒီဇိုင်းမျိုးဆွေသန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ သွားရောက် မည့်သူများတွင် အနုပညာနယ် ပယ်မှ လေးဖြူ၊ အယ်နောင်း၊ ကိုအောင်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် အေးဝတ်ရည်သောင်းတို့ လိုက် ပါမည်ဖြစ်ကြောင်း ဖော်ပြထား သည်။‘‘သွားရမယ့်နိုင်ငံက အင်္ဂ လန်လည်းမဟုတ်ဘူး။ ပြင်သစ် လည်းမဟုတ်ဘူး။ အီတလီလည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုနိုင်ငံ တွေကို သွားရမှာထက်ပိုပြီးရင် ခုန်တယ်’’ ဟု ယင်းခရီးစဉ်နှင့် ပတ်သက်၍ အေးဝတ်ရည် သောင်းက ပြောသည်။

ပုဂံဒေသသည် ၎င်းအတွက် တန်ဖိုးထားစရာနေရာဟု ခံစားရ ပြီး ဘာသာမတူသော်လည်း ပုဂံ သို့ရောက်ရှိချိန်တိုင်းတွင် ရှေး ခေတ်ကာလသို့ရောက်ရှိသည့် အ ငွေ့အသက်များခံစားရသည်ဟု ဆိုသည်။

‘‘ပုဂံကိုလည်း ဒီစာရင်းဝင် စေချင်တယ်။ ယူနက်စကိုမှာ ပါ သွားရင် ကိုယ့်နိုင်ငံအတွက်လည်း အများကြီးကောင်းသွားမယ်။ ထိန်းသိမ်းမှုကအစ သူတို့အများ ကြီးလုပ်ပေးမှာဆိုတော့’’ ဟုအေး ၀တ်ရည်သောင်းက ပြောသည်။

ထို့ကြောင့် ပုဂံဒေသကို ဆက်လက်ထိန်းသိမ်းနိုင်ရေး Campaign များတွင် ပါဝင်ရန် အစီအစဉ်ရှိပြီး ပုဂံဒေသသာမက အခြားတန်ဖိုးထားရမည့်နေရာ များ ရေရှည်တည်တံ့နိုင်ရေး ထိန်း သိမ်းရန် နိုင်ငံသားတိုင်းတာဝန်ရှိ ကြောင်း ၎င်းကဆိုသည်။ ‘‘ကိုယ်မထိန်းသိမ်းနိုင်ရင် တောင် ပျက်စီးရာပျက်စီးကြောင်း မလုပ်ဖို့။ ဘုရားမှမဟုတ်ပါဘူး၊ ထားဝယ်တို့၊ မြိတ်တို့ဘက်သွား ရင် သန္တာကျောက်တန်းတွေကို လူတွေက ခွာယူထားတယ်။ ရေ အောက်ငုပ်ပြီး အမှတ်တရသယ် သွားတာ။ ဒါတွေက နိုင်ငံခြားမှာ အရမ်းတန်ဖိုးထားတာ။ တကယ် တမ်းတော့ မြန်မာတွေက ရိုင်း တာလည်းမဟုတ်ဘူး၊ သက်သက် မဲ့ ဖျက်ဆီးတာလည်းမဟုတ်ဘူး။ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိတာ’’ ဟု အေးဝတ်ရည် သောင်းက ပြောသည်။

No comments:

Post a Comment