‘‘ဒါက နာမည်ကြီးစာရင်း တစ်ခုဖြစ်ပြီး ဒီဆုကို ကျွန်တော်ရ ရှိခဲ့တယ်ဆိုတာက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အားလုံးကို အောင်မြင်နိုင်ဖို့ နောက်ထပ်တွန်း အားပေးမှုတစ်ခုပါပဲ’’ ဟု ဒီလစ် က ပြောကြားသည်။ ‘‘ဒီဆုက သမိုင်းဝင်ဖြစ်လို့ကျွန်တော်ဂုဏ်ယူပါတယ်’’ ဟု ဒီလစ်က ဆက်လက်ပြောကြားသည်။ အေဂျက်ဇ် အသင်းခေါင်း ဆောင်သည် ယင်းဆုကို စက်တင် ဘာတွင်ကျင်းပမည့် အခမ်းအနား တစ်ခု၌ ရရှိမည်ဖြစ်ပြီး ၎င်းနှင့် အတူ အသင်းဖော်ဖရန်ကီဒီဂျောင် ကလည်း တစ်နှစ်တာအကောင်း ဆုံးပါရမီရှင်ဆု လက်ခံရယူမည် ဖြစ်သည်။
ဒီလစ်ဦးဆောင်သောအေ ဂျက်ဇ်အသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ပြည်တွင်းဖလားနှစ် လုံးရယူခဲ့သလို ချန်ပီယံလိဂ် ဆီ မီးဖိုင်နယ်သို့လည်း ရောက်ရှိခဲ့ သည်။ ဒီလစ်ကို ဘာစီလိုနာနှင့် မန်ယူ အပါအဝင် အသင်းကြီးအများအပြားက စိတ်ဝင်စားခဲ့သည်။ ဒီလစ်သည် အနာဂတ်နှင့်ပတ်သက်၍ နယ်သာလန်နှင့် နေးရှင်းလိဂ်ပြိုင်ပွဲအပြီးတွင် ဆုံးဖြတ်မည်ဟု သတင်းများက ဖော်ပြသည်။
No comments:
Post a Comment