
``ကျွန်တော်တို့က ကျွန်တော်တို့ ဒေသကို ထိခိုက်လို့ စီမံကိန်းကို ကန့်ကွက်တာပါ ။ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ နားလည်းမလည်ဘူး။ ဆရာတော်လှူဒါန်းမှုက နိုင်ငံရေး ပယောဂတွေ ပါနေမဆိုးလို့ လက်မခံခဲ့ဘူး။´´ ဟု ဒေသခံတောင်သူ ဦးရွှေအုန်း က ပြောသည် ။
ဆရာတော်လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများကို လက်မခံသော်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် တောင်သူလယ်သမားအရေးတက်ကြွလှုပ်ရှားသူများ၏ ကူညီထောက်ပံ့မှုကို လက်ခံကြောင်း သိရသည် ။
ဒေသခံများအနေဖြင့် မေလ ၁၄ ရက်နေ့က စီမံကိန်းမှ စက်ယန္တရားများကို ကားလမ်းပိတ် တားဆီးမှု ပြုလုပ်ခဲ့ပြီး အောင်သပြေကျေးရွာ အဝင်လမ်းတွင် စောင့်ဆိုင်းအိပ်နေစဉ် နံနက် အစောပိုင်းအချိန်ခန့်က ရဲတပ်ဖွဲ့ မှ သေနတ်များပစ်ဖောက်ဝင်ရောက်ခဲ့သည့်အတွက် ဒေသခံ (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ။
ယခုအချိန်တွင် ရွာကို ရဲတပ်ဖွဲ့မှ ဝိုင်းထားသည့်အတွက် ဒေသခံများ ရွာပြင်မထွက်ရဲပဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်း သိရသည် ။
မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။
No comments:
Post a Comment