
မလေးရှားဆယ်ကျော်သက် မိန်းကလေးတစ်ဦးက အသက်ရှင်သင့်သလား(သို့မဟုတ်)သေသင့်သလားဟု Instagram တွင် စစ်တမ်းကောက်သည့် Post တစ်ခုဖော်ပြခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့အပြီး ဂိုမက်ဇ်က လူမှုမီဒီယာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
လူမှုမီဒီယာသည် အသုံးဝင်သော်လည်း ယင်းပလက်ဖောင်းတွင် လူငယ်အမျိုးသားများနှင့် အမျိုးသမီးများအတွက် အကာအကွယ်မဲ့ဖြစ်သည်ကို မြင်တွေ့ရပြီး ထိတ်လန့်ခဲ့သည်ဟု ゞင်းက ပြောကြားခဲ့သည်။
လူမှုမီဒီယာတွင် သတင်းတုများ ပျံ့နှံ့မှု များကိုလည်း ဂိုမက်ဇ်က သတိပေးခဲ့သည်။ လူငယ်အများစုသည် အရေးကြီးသည့် သတင်းအကြောင်းအရာများကို သတိမမူတော့ကြောင်း ゞင်းက ပြောကြားခဲ့သည်။
“မှန်ကန်တဲ့ သတင်းအချက်အလက်ကို လူတွေ မသိနိုင်ဘူးဆိုရင် ဒါဟာ အန္တရာယ်ရှိနေပြီလို့ ကျွန်မထင်တယ်” ဟု ဂိုမက်ဇ်က ပြောကြားခဲ့သည်။
Instagram တွင် Follower သန်း ၁၅၀ ရှိသည့် ဂိုမက်ဇ်သည် လူမှုမီဒီယာအ သုံးပြုမှုကို ကာလအတော်ကြာ ရပ်နားခဲ့ဖူးသည်။
“လူမှုမီဒီယာမှာ လုံခြုံအောင်လုပ်နိုင်ဖို့ဆိုတာ တော်တော်လေးကို မဖြစ်နိုင်ဘူးလို့ ကျွန်မယူဆတယ်။ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး” ဟု Disney သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဂိုမက်ဇ်က ပြောကြားခဲ့သည်။
“ကျွန်မတို့ ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲလာတယ်လို့ ယူဆတယ်။ ဒါရိုက်တာ Jim Jarmusch ရိုက်တဲ့ The Dead Don’t Die ဇာတ်ကားမှာ ကျွန်မတို့မျိုးဆက်အတွက် လူမှုမီဒီယာက ကြောက်စရာကောင်းတာကို ထည့်သွင်းရိုက်ကူးထားတယ်” ဟု ゞင်းက ပြောကြားခဲ့သည်။ မေ ၁၄ ရက်က ကျင်းပခဲ့သည့် ကိန်းရုပ်ရှင်ပွဲတော်ကို ဂိုမက်ဇ်၏ ဇာတ်ကားသစ် The Dead Don’t Die ဖြင့် ဖွင့်လှစ်ခဲ့သည်။ ယင်းဇာတ်ကားကို ဇွန်တွင် ဖြန့်ချိမည်ဖြစ်သည်။
No comments:
Post a Comment