
ကင်သည် နိုင်ငံတွင်းမှ ထွက်ပြေးနိုင်ဖွယ်ရှိခြင်းနှင့် သက်သေအထောက်အထားကို ဖျောက်ဖျက်နိုင်ခြင်းတို့ကြောင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် မေ ၁၆ ရက် နှောင်းပိုင်းတွင် ゞင်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဟွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ကျုးလွန်စော်ကားမှု စွပ်စွဲချက်များကြောင့် ကင်နှင့်သက်ဆိုင်သော မကောင်းသတင်းများသည် တောင်ကိုရီးယားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ကင်သည် အခြားလုပ်ငန်းရှင်တစ်ဦးထံမှ လာဘ်ငွေဝမ်သန်း ၄၀ လက်ခံရယူခဲ့ကြောင်းလည်း စွပ်စွဲခံထားရသည်။ ကင်ကို ၂၀၁၃ ခုနှစ် မတ်လတွင် ပက်ကွမ်ဟီးက ဒုတိယတရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သော်လည်း အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် သီတင်းပတ်တစ်ပတ် အကြာတွင် ကင်သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ကင်သည် မုဒိမ်းမှုနှင့် အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးမှု ခံခဲ့ရသော်လည်း သက်သေမခိုင်လုံခြင်းကြောင့် စွဲချက်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဘန်ကောက်သို့ ထွက်ခွာရန် ကြိုးပမ်းနေသောကင်ကို မတ်လတွင် အင်ချွန်းလေဆိပ်၌ ဟန့်တားခဲ့ကာ ယခုနှစ်အစောပိုင်းတွင် ゞင်းအား အစိုးရရှေ့နေများက စစ်ဆေးမေးမြန်းမှု ထပ်မံလုပ်ဆောင်ခဲ့သည်။ ဘန်ကောက်သို့ ထွက်ခွာရန်ကြိုးပမ်းစဉ်တွင် ကင်သည် ゞင်း၏မျက်နှာကို နှာခေါင်းစည်းဖြင့် ကွယ်ထားခြင်းကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြံစည်နေသည်ဟူသော သံသယကို တိုးပွားလာစေခဲ့သည်။ ကင်ကမူ ゞင်းအားစွဲဆို ထားသည့် စွဲချက်အားလုံးကို ငြင်းဆိုထားသည်။
No comments:
Post a Comment