
၎င်းကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်စာမျက်နှာများတွင် ဝေဖန်မှုအများအပြားရှိနေပြီး အမည်မဖော်လိုသူ တစ်ဦးမှလည်း အခုလိုပြောဆိုထားသည်။ “တစ်နိုင်ငံလုံး မီးပျက်ပြီး ပူအိုက်နေပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအတွက် ယာယီတဲကိုတောင် air con ကြီးနဲ့ တည်ဆောက်ပေးတာကတော့ အကဲပိုလွန်းတယ်။ အရင်အာဏာရှင်တွေ တုန်းကတောင် ဒီလိုယာယီတဲကို Air Con တပ်ပြီးဆောက်ထားတာ မတွေ့ဖူးဘူး… အာဏာရှင်တဲ့ ထက်တောင် ဇိမ်ခံတတ်တယ်။ အရင်ကတော့ ပြည်သူတွေဆင်းရဲမွဲတေနေတဲ့အချိန်မှာ ကားအကောင်းစားကြီး စီးရမှာ ရှက်တယ်ဆိုပြီး အခု…တစ်နိုင်ငံလုံးက ပြည်သူတွေ မီးပျက်လို့ပူအိုက်နေချိန်မှာ ခဏပဲလုပ်ရမယ့် အခမ်းအနားဖွင့်ပွဲလေးကိုတောင် Air Con ကို အေးစိမ့်နေအောင် စီစဉ်ခိုင်းတယ်ဆိုတော့ဗျာ၊ သူတို့ကပိုပြီး အာဏာရှင်တွေ ထက်ဆိုးနေတယ်” ဟုပြောဆိုခဲ့သည်။
ဒေသခံတစ်ဦး၏ပြောပြချက်အရ ဖွင့်ပွဲမတိုင်မီရက်များတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အတွက် ယာယီတဲတည်ဆောက်ရန်လိုကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးထံမှ ညွှန်ကြားချက်ရရှိပြီး ဝိုင်းဝန်တည်ဆောက်ခဲ့ကြကြောင်း၊ ပထမတွင် ယာယီတဲအား မိုးကာမိုး၍ ရှင်းလင်းရန်အတွက် ထိုင်ခုံများခင်းထားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ စစ်ဆေးပြီးနောက် ယာယီတဲအား Air Con တပ်ဆင်ရမည်ဖြစ်ကြောင်း ထပ်မံညွှန်ကြား ခဲ့သည့်အတွက် ကျောက်ဆည်မြို့အတွင်းရှိ နာမည်ကြီးကုမ္ပဏီပိုင်ရှင်၏ အကူအညီဖြင့် ယခုကဲ့သို့ Air Con အဆင့်မြင့်ယာယီတဲ တစ်ခုတည်ဆောက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment