Friday, May 24, 2019

အပူဒဏ်ကြောင့် ဆေးရုံတက် ကုသသူများတွင် ၁၁ ဦးသေဆုံး

ဗဟိုအဆင့်ဆေးရုံကြီး  များတွင် အပူကြောင့် သတိလစ် (Heat Stroke) ရောဂါဖြစ်ပွား၍  သေဆုံးလူနာ ၁၁ ဦးရှိကြောင်း   ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုး ခိုင်ကပြောသည်။ တစ်နိုင်ငံလုံးတွင် ဗဟို အဆင့်ဆေးရုံကြီး ၃၈ ခု ရှိသည့် အနက် ရန်ကုန်ပြည်သူ့ဆေးရုံ၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံ၊ သင်္ဃန်း ကျွန်းစံပြဆေးရုံ၊ ရန်ကုန်ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံ၊မန္တလေး ပြည်သူ့ဆေးရုံနှင့် ခုတင် ၃၀၀ သင်ကြားရေး ဆေးရုံတို့အပြင် နေပြည်တော်ခုတင်  ၁,၀၀၀ဆေး ရုံကြီးတို့၌ ဧပြီမှမေလ ၁၈ ရက် နံနက်အထိ အပူကြောင့် သတိ လစ် (Heat Stroke) ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ ၁၁၂ ဦးရှိကာ၎င်းတို့အနက် ၁၁ ဦး သေဆုံးခဲ့သည်။ 

ထို့အပြင် မေလ ၁၇ ရက် အထိ စာရင်းများအရ ယင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ၂၅ ဦးရှိနေပြီး ရန်ကုန်ဆေးရုံ၊ မန္တလေးဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ မကွေးသင်ကြားရေး ဆေးရုံ၊ သင်္ဃန်းကျွန်းစံပြဆေးရုံ နှင့် မန္တလေးခုတင် ၃၀၀ ဆေးရုံ တို့၌ ကုသမှုခံယူနေသည်။

လက်ရှိတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက  မန္တလေးမြို့၌ အပူရှောင်စခန်းဖွင့် လှစ်၍ ဆေးကုသပေးခြင်း၊ အပူ ဒဏ်ကြိုတင်ကာကွယ်ရေး နှိုး ဆော်ချက်များ ထုတ်ပြန်ခြင်းတို့ ဖြင့် ကြိုတင်ကာကွယ်ရေးပိုင်း တွင် အားဖြည့်ဆောင်ရွက်ထား သည့်အပြင် ဆေးရုံများသို့ ကုသ ရေးလမ်းညွှန်ချက်များချထားပေး ခြင်းနှင့် အပူဒဏ်ဖြင့်ရောက်ရှိလာ သောလူနာများအတွက် လိုအပ် သောဆေးဝါး၊ ပြင်ဆင်မှုများကို ဆောင်ရွက်ရန်   ညွှန်ကြားထား သည်။

‘‘အထူးသဖြင့်က မန္တလေး တိုင်းပေါ့’’ အပူရှောင်စခန်းတွေ ဖွင့်လှစ်တာတွေလည်း ရှိတယ်။ ဒီအပူရှောင်စခန်းတွေကတော့ ကြိုတင်ပြီးတော့ ကာကွယ်နိုင်တဲ့ အနေနဲ့ဖွင့်လှစ်ထားတာပေါ့နော်။   ဒီဟာတွေကိုလည်း ဆက်သွယ် ပြီးတော့ နားခိုဖို့လိုတယ်ပေါ့ နော်။ နောက်တစ်ခုက အများဆုံး တွေ့ရတာက ရောဂါတစ်ခုတွဲ ပြီးတော့ဖြစ်တဲ့လူနာတွေများတာ ဆိုတော့ အဲဒီလိုဆိုရင်လည်း နီး စပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ဆောလျင်စွာပြသပေးဖို့ လိုအပ် ပါတယ်’’ ဟု ဒေါက်တာမိုးခိုင်က ပြောသည်။

ဧပြီကုန်အထိ စာရင်းများ အရ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံသုံးခုတွင် အပူကြောင့် သတိလစ်ခြင်း (Heat Stroke) အပါအ၀င် မူးဝေခြင်းရောဂါ ဝေဒနာများခံစားရ၍ တက် ရောက်ကုသသူ ၁၆ ဦးအနက်ငါး ဦးသေဆုံးပြီး ပဲခူးပြည်သူ့ဆေး  ရုံကြီး၌ ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ ၁၀ ရက်အတွင်းအပူ ဒဏ်ကြောင့် သတိလစ်  (Heart Stroke) လူနာ ၁၂ ဦးရှိကာလေး ဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံတွင် အပူဒဏ်  ကြောင့် ဆေးရုံတက်ရောက်ကုသ    ခံရမှု တစ်နိုင်ငံလုံး၌ ၂၀၁၀ တွင် ၆၂၇ ဦးရှိကာ  ၁၂၅ ဦးသေဆုံးခဲ့ သည်။ ၂၀၁၄ တွင် ၁၇၅ ဦးရှိကာ ၂၈ ဦးသေဆုံးပြီး   ၂၀၁၆တွင်၁၃၆ဦးရှိကာ ၂၄ ဦးသေဆုံးသည်။

No comments:

Post a Comment