Monday, July 15, 2019

လီဗာပူးတိုက်စစ်မှူး မာနေး ရီးရဲလ်သို့ ပြောင်းရွှေ့ရန် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တိုက်တွန်း

 ပြီးခဲ့သည့်ရာသီက လီဗာ ပူးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရာတွင် အဓိကနေရာက ပါဝင်သော တိုက်စစ်မှူး မာနေး ကို ရီးရဲလ်သို့ ပြောင်းရွှေ့ရန် ဆီ နီဂေါဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာအီဆက်ခ်က တိုက်တွန်း သည်။ ဆီနီဂေါတိုက်စစ်မှူး မာနေး သည် ပြီးခဲ့သည့်ရာသီက ပရီးမီး ယားလိဂ် ရွှေဖိနပ်ဆုရရှိပြီး ရီး ရဲလ်နည်းပြ ဇီဒန်းကို လေးစား အားကျသူဖြစ်သည်။ ဥက္ကဋ္ဌ ဆက်ခ်က မာနေးအနေဖြင့် ယခု အချိန်သည် ဘာနေဗျူးသို့ပြောင်း ရွှေ့ရန် မှန်ကန်သောအချိန်ဖြစ် သည်ဟု ပြောကြားသည်။



‘‘မာနေးဟာ ကမ္ဘာ့ထိပ်တန်း အကောင်းဆုံး ၁၀ ယောက်မှာပါ တာကို ကမ္ဘာပေါ်က လူတိုင်းသိ ကြပါတယ်။ သူဟာ လီဗာပူးမှာ ပြီးခဲ့တဲ့ရာသီက သိသာတဲ့အောင် မြင်မှုကိုရခဲ့ပြီးပါပြီ။ သူ့မှာ ရီးရဲလ် ကိုပြောင်းဖို့ အခွင့်အရေးရှိပါ တယ်’’ဟု ဆက်ခ်က ပြောကြား သည်။

မိမိသည် ဘာစီလိုနာ ပရိ သတ်တစ်ဦးဖြစ်သော်လည်း ရီး ရဲလ်သည် ကမ္ဘာပေါ်တွင် အ ကောင်းဆုံးကလပ် ဖြစ်သည်ဟု ယူဆမိကြောင်း၊ မာနေးအနေဖြင့် ရီးရဲလ်သို့ပြောင်းရွှေ့ရေး အလေး အနက် စဉ်းစားသင့်ကြောင်း ဆက်ခ်က ပြောကြားသည်။

ဆီနီဂေါသည် အီဂျစ်နိုင်ငံ တွင် ကျင်းပနေသော အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ တူနီးရှားနှင့် ကစားရမည် ဖြစ်ပြီး မာနေးက ဆီနီဂေါနှင့်အတူ ဖလားရရန် မျှော်လင့်နေ သည်။

လီဗာပူးသည် ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း လှုပ်ရှားမှုမရှိဖြစ်နေပြီး ယခင်လူ စာရင်းဖြင့် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ် ရန်၊ ချန်ပီယံလိဂ်ဖလားကို ကာ ကွယ်ရန် မျှော်လင့်နေသည်။ လီ ဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ကစားသမား ကြီးကြီးမားမား ခေါ် ယူမည်မဟုတ်ဟု ပြောကြားထား သည်။

No comments:

Post a Comment