Monday, July 15, 2019

ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သော တရုတ်နိုင်ငံသားအလုပ်ရှင်က အလုပ်သမားများကို ပြန်လည်တောင်းပန်

အလုပ်သမားကို ကိုယ် ထိလက်ရောက်ရိုက်နှက်ခဲ့သည့် တရုတ်နိုင်ငံသားအလုပ်ရှင်က ပြန်လည်တောင်းပန်သဖြင့် တ ရုတ်သံရုံးရှေ့တွင် ဆန္ဒပြဖြစ် တော့မည်မဟုတ်ဟု အရိုက်ခံရ သည့် ဦးကျော်မင်းသူက ပြော သည်။ြေ မာင်းတကာစက်မှုဇုန်ရှိ  DAHAU ဆီလီကွန်စက်ရုံပိုင်ရှင်  တရုတ်နိုင်ငံသားက အလုပ်သ မားများ သန့်ရှင်းရေးမပြုလုပ်ခြင်း ကြောင့်ဟု ဆိုကာ ဇူလိုင် ၆ ရက်ညတွင် ရိုက်နှက်ခဲ့သည်။



ထိုသို့ပြုမူခံရသည့်အပေါ်  အလုပ်သမားများက မကျေနပ်၍ ရဲစခန်းသို့ တိုင်တန်းသော်လည်း  အရေးယူခြင်းမရှိသဖြင့် ယင်းအ လုပ်ရှင်ကို အရေးယူပေးရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခဲ့ကြခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့ကို အလုပ် ရှင်ကိုယ်တိုင်က ဇူလိုင် ၁၂ ရက် ကအလုပ်သမားအဖွဲ့ချုပ်ကတာ  ၀န်ရှိသူတွေအရှေ့မှာပဲ ပြန် တောင်းပန်တယ်။ နောက်ဆိုလုပ် ငန်းခွင်မှာ ဒါမျိုးဆက်ပြီး မကျူး လွန်တော့ပါဘူးလို့လည်း ခံဝန် လက်မှတ်ရေးထိုးသွားတယ်။ ကျွန်တော်တို့ကလည်း တောင်း ပန်မှုကိုပဲ လိုလားတာဖြစ်လို့ လက်ခံလိုက်ပါတယ်။ ဘာမှ ဆက်မလုပ်တော့ဘူး’’ ဟု ဦး ကျော်မင်းသူက ပြောသည်။

သို့သော်ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ အလုပ်မှ ထုတ်ပယ် သည့် အလုပ်သမားခြောက်ဦး ကိုမူ အလုပ်ပြန်လည်ခန့်ထား ခြင်းမရှိပေ။  နစ်နာကြေးပေး၍ ထုတ် ပယ်လိုက်ခြင်းဖြစ်သောကြောင့် အလုပ်ပြန်လည်ခန့်ရန်တောင်း ဆိုမည် မဟုတ်ကြောင်း ယင်း အလုပ်သမားများက ဆိုသည်။

No comments:

Post a Comment