Monday, July 15, 2019

မင်္ဂလာဒုံတွင် တွေ့ရှိသော အလောင်းသုံးလောင်းသည် လူကုန်ကူးခံရသူများဟု ရဲတပ်ဖွဲ့ယူဆ

မင်္ဂလာဒုံမြို့နယ်၌ တွေ့ရှိသော ရုပ်အလောင်းသုံး လောင်းသည် လူကုန်ကူးခံရသူ များဟု ယူဆကြောင်းရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ လှော်ကားလမ်းဘေး၌ အသက်၂၀ ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး  ရုပ်အလောင်းသုံးလောင်းကို ဇူလိုင်  ၁၃ရက်တွင် တွေ့ရှိခဲ့သည်။ေ သဆုံးသူများသည် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ အလုံပိတ်ယာဉ် (သို့မဟုတ်) ယာဉ်နောက်ဖုံးအတွင်း ထည့် သွင်းလာသဖြင့် မွန်းကျပ်သေဆုံးသည့် လက္ခဏာရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။



ယင်းအပြင် ရုပ်အလောင်း များတွင် သဲများကပ်နေသည်ကို တွေ့ရှိရသဖြင့် တစ်နေရာရာ၌ သေဆုံးခဲ့ပြီး သဲတင်ကားဖြင့် တင်ဆောင်လာကာစွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်နေ ရာတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်  ထားသည့် ထမင်းသုံးထုပ်ကို တွေ့ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သေဆုံးသူသုံးဦးကို အင်း စိန်ဆေးရုံတွင် စစ်ဆေးချက်အရ အစာအိမ်၌ အစာမရှိဘဲ အဆုတ်လေမွန်းကျပ်၍ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အမှုဖြစ်စဉ် ကွင်းဆက်ကို စစ်ဆေးနေပြီး ထောက်ကြန့်နယ်မြေရဲစခန်းက  သေမှုသေခင်းဖြင့် ကနဦးအမှု ဖွင့်ထားသည်။

No comments:

Post a Comment