Monday, July 15, 2019

ရန်ကုန်တွင် H1N1 ကြောင့် လူသုံးဦး ထပ်မံသေဆုံး

H1N1 ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၆ ဦးရှိလာပြီဖြစ်သည်။ ရာသီတုပ်ကွေး (H1N1) ကြောင့် ရန်ကုန်တိုင်းတွင် လူသုံး ဦး ထပ်မံသေဆုံးသဖြင့် သေဆုံး သူ ၃၈ ဦး ရှိလာသည်။ ရန်ကုန်တိုင်းတွင် ဇူလိုင် ၁၄ ရက်အထိ ရာသီတုပ်ကွေး သံသယလူနာ ၃၃၇ ဦးကို ဓာတ်ခွဲ စစ်ဆေးသည့်အနက် ပိုးတွေ့ရှိသူ ၁၄၀ ဦးရှိပြီး ၎င်းတို့အနက် ၃၈ ဦး သေဆုံးခြင်းဖြစ်သည်။ ‘‘စုစုပေါင်း ဒီနေ့အထိ (ဇူလိုင် ၁၄ ရက်) ရန်ကုန်တိုင်းမှာ ပိုးတွေ့တာ ၁၄၀ ဦး၊ အဲဒီထဲက ၃၈ ဦး သေဆုံးတယ်’’ဟု ရန်ကုန် တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြော သည်။



H1N1 ကြောင့် သေဆုံးသူ များတွင် အသက်အရွယ်ငယ် လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ကဲ့သို့ နာတာရှည်ရောဂါအခံရှိသူများ ပါဝင်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ရောဂါအခံရှိသူ များ၊ ကလေးငယ်များနှင့် သက် ကြီးရွယ်အိုများ အထူးဂရုပြုနေ ထိုင်ရန် ဆရာဝန်ကြီးများက သတိပေးထားသည်။

H1N1 ကြောင့် သေဆုံးမှု များသည့် မြို့နယ်များမှာ လှိုင် သာယာ၊ ဒဂုံမြို့သစ် (တောင် ပိုင်း)၊ မှော်ဘီနှင့် သာကေတမြို့ နယ်တို့ဖြစ်သည်။ ယင်းမြို့နယ်တို့ တွင် သေဆုံးသူ သုံးဦးမှ လေးဦး ရှိနေသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက် အထိ တစ်နိုင်ငံလုံးတွင် H1N1 ကြောင့် သေဆုံးသူ ၄၃ ဦးရှိ ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းတွင် ဇူလိုင် ၁၄ ရက်၌ သုံးဦး ထပ်မံသေဆုံးခြင်းကြောင့်  တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၄၆ ဦး ရှိလာပြီဖြစ်သည်။

သေဆုံးသူများသည် ရန်ကုန်တိုင်းမှ ၃၈ ဦး၊ ဧရာဝတီတိုင်းမှ သုံးဦး၊ ပဲခူးတိုင်းမှ နှစ်ဦး၊ စစ်ကိုင်းတိုင်းမှ နှစ်ဦး၊ မွန်ပြည်နယ်မှ တစ် ဦးဖြစ်သည်။ ချင်းပြည်နယ်၊ ရှမ်း အရှေ့ပိုင်းတို့မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ယင်းရောဂါပိုး တွေ့ရပြီး ပိုးတွေ့ရှိမှုနှင့် သေဆုံး မှုအများဆုံးသည် ရန်ကုန်တိုင်း ဖြစ်သည်။

ရာသီတုပ်ကွေးသည် ရောဂါပိုးကူးစက်ခံရချိန်ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါ လက္ခဏာများ စတင်ပေါ်ပေါက် လာနိုင်ပြီး အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည် ချောင်းနာခြင်း၊ ကိုယ်လက်ကိုက် ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်သည်။

ထိုထက် ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအ လွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အ သက်ရှူနှုန်း မြန်ဆန်ခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။

၂၀၁၇ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပိုးတွေ့ရှိသူ ၄၀၆ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈  က ပိုးတွေ့ရှိသူ ၁၃ ဦးရှိပြီး သေဆုံးမှုမရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment