Monday, July 15, 2019

ဆရီနာဝီလီယမ်ကို အနိုင်ယူပြီး ဆီမိုနာဟာလက် ဝင်ဘယ်ဒန်အိုးပင်းဖလား ပထမအကြိမ်ဆွတ်ခူး

ပွဲကစားချိန် ၅၆ မိနစ်အ တွင်း ဆီမိုနာဟာလက်က အမေ ရိကန်သူ ဆရီနာဝီလီယမ်ကို အ နိုင်ယူပြီး ဝင်ဘယ်ဒန်အိုးပင်းဆု ဖလားပထမဆုံးအကြိမ် ဆွတ်ခူး ခဲ့သည်။ ရိုမေးနီးယားနိုင်ငံသူ ဟာ လက် (၂၇) နှစ်က ဆရီနာကို ၆-၂၊ ၆-၂ ဖြင့် အနိုင်ယူပြီး ဆရီ နာ၏ (၂၄) ကြိမ်မြောက် ဂရင်း ဆလမ်ဆုဖလားရရှိရေး အိပ်မက် ကို ရိုက်ချိုးခဲ့သည်။ ‘‘ဒီပွဲက ကျွန်မရဲ့အကောင်း ဆုံးပွဲပါ’’ ဟု ၂၀၁၈ ပြင်သစ်အိုး ပင်းဆုဖလားရရှိပြီးနောက် ဒုတိ ယမြောက် ဂရင်းဆလမ်ဆုဖလား ရရှိသူ ဟာလက်က ပြောသည်။


ပြီးခဲ့သည့်နှစ်က ဝင်ဘယ် ဒန်အိုးပင်းဗိုလ်လုပွဲတွင် ဂျာမနီ နိုင်ငံသူ ကာဘာကို ရှုံးနိမ့်ခဲ့သည့် အသက် (၃၇) နှစ်အရွယ် ဆရီနာ အနေဖြင့် ၁၂ လအတွင်း အဓိက ပြိုင်ပွဲကြီး ဗိုလ်လုပွဲသုံးပွဲ၌ ရှုံးနိမ့် ခြင်းဖြစ်သည်။

ဆရီနာအနေဖြင့် ဟာလက် ကို အနိုင်ရရှိပါက တင်းနစ်သမိုင်း တစ်လျှောက် (၂၄) ကြိမ်ဖြင့် ဂရင်းဆလမ်ဆုဖလား အများဆုံး ရရှိသော သြစတြေးလျဂန္ထဝင်မာဂ ရက်ကောက်တ်၏စံချိန်ကို လိုက် မီမည်ဖြစ်သော်လည်း မစွမ်း ဆောင်နိုင်ခဲ့ပေ။

‘‘ဗိုလ်လုပွဲမှာ ကိုယ့်ကိုယ် ကိုယ်ပဲ အာရုံစိုက်ပြီး သူ့ကို (ဆရီ နာ) အာရုံမစိုက်ဘူးလို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ ကျွန်မအ ကောင်းဆုံး ကစားနိုင်ခဲ့ပြီး ယုံ ကြည်မှုရှိခဲ့တာပါ။ ဒီပွဲက ကျွန်မ ဘဝမှာ အကောင်းဆုံးပွဲဆိုတာ တပ်အပ်ပြောနိုင်ပါတယ်’’ ဟု ဟာလက်က ပြောသည်။ ‘‘သူ (ဟာလက်) က စိတ် ကြိုက်ကစားနိုင်ခဲ့တာပါ။ တစ် ယောက်ယောက်က လက်စွမ်းပြ ကစားနိုင်တဲ့အချိန်မှာ ကိုယ်လုပ် ပြနိုင်တာ အများကြီးမရှိဘူး။ ဒါ က သူတို့ရဲ့နေ့ဆိုတာကို နား လည်လက်ခံရမှာပဲ’’ ဟု ဆရီနာ က ပြောကြားသည်။ 

No comments:

Post a Comment