Monday, July 15, 2019

ဗစ်တိုးရီးယားတရားခွင်ကို ၀န်းရံမည့်သူများ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရန်၊ ကိုယ်ချင်းစာတရားထားရန် နှိုးဆော်မှုများရှိ

အမှုစစ်ဆေးမည့်  နေပြည်တော် ဒက္ခိဏခရိုင်တရား ရုံးသို့ လာရောက်မည့်သူများအ နေဖြင့် ဗစ်တိုးရီးယားနှင့် မိသားစု ၏ ပုဂ္ဂလိကလုံခြုံမှုကို အလေး ထားရန်၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး ခြင်းမပြုရန် ၀န်းရံမည့်သူများ အကြား ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အချင်းချင်း တိုက်တွန်းနှိုးဆော် နေသည်။ ‘‘အဓိကက အမှုကိုသွား ကြားနာချင်တာ။ ဗစ်တိုးရီးယား သမီးငယ်သိဖို့၊ အမေသိဖို့ အစ်မ တို့က စိတ်မ၀င်စားဘူး။ ဒါအမှန် တရားထွက်လာဖို့အနေနဲ့ပဲတရား ရုံးကိုသွားမှာ။  အမှုအသွားအလာ တွေကို သွားပြီးတော့ နားထောင် မှာ’’ ဟု သွားရောက်ဝန်းရံမည့် နေပြည်တော်မှ မစုလှိုင်ထွန်းက ပြောသည်။



ယနေ့ (ဇူလိုင် ၁၅ရက်)တွင် နိုင်ငံကျော် ဗစ်တိုးရီးယားအမှု၏  ပထမဆုံးတရားရုံးချိန်းကို စတင် ရန်ရှိပြီး ရဲတပ်ဖွဲ့က တရားခံအ ဖြစ် အောင်ကြီးကို အဓမ္မပြုကျင့်မှု ဆိုင်ရာ ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး တရားစွဲဆိုထားသည်။

မသိနားမလည်၍ သော် လည်းကောင်း၊  တမင်ရည်ရွယ် ချက်ရှိရှိသော်လည်းကောင်း ဗစ် တိုးရီးယားမိသားစုကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမည့် မည်သူ့ကိုမဆို ရှုတ်ချပြီး လူသားပီသသူများအ နေဖြင့်  ထိုသို့ မပြုမူသင့်သကဲ့သို့ ဥပဒေအရလည်း  ထိရောက်စွာအ ရေးယူသင့်ကြောင်း ၎င်းကဆို သည်။

ထိုသို့မပြုလုပ်ရန် ဖေ့စ် ဘွတ်ခ်တွင် ရေးသားလှုံ့ဆော်မှု များ ရှိနေပြီးကိုယ်ချင်းစာတရား ထားခြင်းဖြင့် ဓာတ်ပုံ၊ဗီဒီယိုမရိုက် ရန်၊ စိတ်ခံစားမှုကြောင့် မလိုလား အပ်ဘဲ  တရားရုံးကို မထီမဲ့မြင်ပြု ရာကျမည်ဖြစ်၍ မပြုလုပ်ရန် တိုက်တွန်းမှုများရှိနေသည်။ အမှုကို စစ်ဆေးမည့်ဒက္ခိဏ ခရိုင်တရားရုံးသည် တရားခွင် ပေ ၄၀ × ၆၀ အကျယ်ဖြင့် တည် ဆောက်ထား၍ အများပြည်သူ လာရောက်နားထောင်နိုင်သော် လည်း တရားစီရင်မှုကို အနှောင့် အယှက်မဖြစ်စေရန် ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊အသံ ဖမ်းခြင်းတို့ မပြုလုပ်ကြပါရန် ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးညိုဌေးက တိုက်တွန်းထား သည်။

No comments:

Post a Comment