Monday, July 15, 2019

သရုပ်ဆောင် မြင့်မြတ်အမည်သုံး၍ ပရဟိတကျောင်းအချို့ လိမ်လည်ခံရ

သရုပ်ဆောင်မြင့်မြတ် ၏ အမည်ကို အသုံးပြု၍ ပရဟိတကျောင်းများကို လိမ်လည်မှုများ ပြုလုပ်နေသောကြောင့် တရားခံ ကို အမြန်ဆုံးဖမ်းမိစေလိုကြောင်း ကျပ်ခုနစ်သိန်းကျော် အလိမ်ခံခဲ့ရ သည့် ကြို့ပင်ကောက်မြို့ရှိ သင်္ခ ရိုင် မိဘမဲ့ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းထိုင်ဆရာ တော် ဦးသုမနက မိန့်ကြားသည်။ ‘‘ဦးပဉ္စင်းနဲ့အတူတူ အလိမ်ခံရတာ သုံးကျောင်း၊ ပြည်ကရတနာမဉ္ဇူရီ ပရဟိတကျောင်း ရယ်၊ ၁၄၇ မိုင်က ဘုန်းကြီး ကျောင်းတစ်ကျောင်းရယ်။ နောက်ထပ် ဒကာတစ်ယောက် ရယ်’’ဟု ဆရာတော်က မိန့်ကြား သည်။ ဇူလိုင် ၁၁ ရက် နံနက်တွင် ဆရာတော်ထံ သရုပ်ဆောင် မြင့်မြတ်ဟု မိတ်ဆက်၍ ကျောင်း အတွက် ဆန်အိတ်များ လှူမည်ဟု ဖုန်းဆက်လျှောက်ထားခဲ့သည်။ နေ့လယ်တွင် မြင့်မြတ်၏ တပည့် ဆိုသူက ဆန်အိတ်များ တင်ဆောင်လာသည့်ကား တိုက်ကြီးမြို့တွင် လေးကျိုးသွားသောကြောင့်ဟုဆိုကာ ကျပ်နှစ်သိန်းခုနစ်သောင်းလွှဲပေးရန် လျှောက်ထားခဲ့ကြောင်း မိန့်ကြားသည်။



‘‘ဒကာကြီးရေ ဦးပဉ္စင်းက ဘုမသိဘမသိနဲ့ မလွှဲရဲဘူးဆို တော့ ကိုမြင့်မြတ် ဖုန်းဆက်ပါ လိမ့်မယ်ဆိုပြီး သူဆက်ပြီး ငါး မိနစ်လောက်ကြာတော့ ဖုန်းထပ် ဆက်လာတယ်။ တပည့်တော် မြင့်မြတ်ပါ။ နောက်ဆုံးဇာတ်ဝင် ခန်းလေး ကသာမှာ ရိုက်နေလို့ဆို ပြီး ဖြစ်နိုင်ရင် ဆန်အိတ် ၁၂၀ တင်လာတဲ့ကား လေးကျိုးနေ တယ်ပြောတယ်။ ဘုန်းဘုန်း ငွေ နှစ်သိန်းခုနစ်သောင်းလွှဲပေးပါ လားတဲ့။ သူက လေးငါးခြောက်ခါ လောက် ဖုန်းဆက်တော့ နောက် ဆုံးလွှဲပေးလိုက်တယ်’’ဟု ဆရာ တော် ဦးသုမနက မိန့်ကြားသည်။

ထို့နောက် မြင့်မြတ်ဟုဆိုသူ က ၎င်း၏သား (၁)နှစ်လေးလ ပြည့်မွေးနေ့အလှူကို ဇူလိုင် ၁၄ ရက်တွင် အခြားအနုပညာရှင်များ နှင့် လာရောက်ပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့တွင် ပျော်ပွဲရွှင်ပွဲပြုလုပ် ရန် ဆန်ကားနှင့်အတူ ဆောင်းဘောက်စ်ကားလည်း ခေါ်ရမည်ဖြစ်သောကြောင့် ကျပ်ငါးသိန်း ထပ်မံလွှဲပေးရန် လျှောက်ထား၍ လွှဲပေးလိုက်သည်ဟု ဆရာတော်က မိန့်သည်။

ယင်းအချိန်က ဆရာတော် သည် ပြင်ဦးလွင်မြို့သို့ ရောက်ရှိ နေခြင်းကြောင့် ဆရာတော်လွှဲ သော ငွေကို တစ်ခါတည်းလာပေး ရန် ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ်အနီး၌ စောင့်နေရန် ပြော ကြားခဲ့ကြောင်း ဆရာတော်က မိန့်သည်။

‘‘ဦးဇင်းက ၁၂ နာရီကနေ စောင့်လိုက်တာ ၃ နာရီအထိ စောင့်တာ။ ၃ နာရီကျော်တော့ ဖုန်းတွေက စက်ပိတ်သွားရော’’ ဟု ဆရာတော်က မိန့်သည်။

ဆရာတော် ငွေလွှဲသည့် Wave Money ဆိုင်သို့ မေးမြန်းရာ လွှဲသည့်ငွေများကို လှိုင်သာယာမြို့နယ် အမှတ် (၂) ရပ်ကွက်အတွင်းရှိ စတိုးဆိုင်မှ ထုတ်သွား ကြောင်း သိရှိရသည်ဟု ဆရာ တော်က မိန့်သည်။

ယင်းကိစ္စကို ပြည်မြို့ အ မှတ် (၂)ရဲစခန်းတွင် ဇူလိုင် ၁၂ ရက်က တိုင်ကြားသော်လည်း ၎င်း တို့၏ နယ်မြေတွင် ဖြစ်ခြင်းမဟုတ်သောကြောင့် လှိုင်သာယာရဲစခန်း ၌သာ တိုင်ကြားရန် ပြောကြားခဲ့ သည်ဟု ဆရာတော် ဦးသုမနက မိန့်ကြားသည်။

ထို့ကြောင့် ယင်းအမှုအ တွက် လှိုင်သာယာရဲစခန်းတွင် ယခုရက်ပိုင်းအတွင်း သွားရောက် တိုင်ကြားရန်  အစီအစဉ်ရှိ ကြောင်း ဆရာတော်က မိန့်သည်။ မြင့်မြတ် အမည်ကို အသုံးပြု၍ ပြည်မြို့ ရတနာမဉ္ဇူရီ ပရ ဟိတကျောင်းသို့လည်း ဆန်အိတ် များ လှူမည်ဟု ဖုန်းဆက်ပြီး လမ်းတွင် ကားပျက်နေသည်ဆိုကာ ကျပ်နှစ်သိန်းလွှဲပေးရန် ပြောကြားရာ ယင်းကျောင်းမှ သီလရှင်က မယုံကြည်သောကြောင့် ဟာသသရုပ်ဆောင် စိစိထံ ဖုန်းဆက် မေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းရာမှ လိမ်လည်သည်ကို သိရှိသောကြောင့် အဆိုပါ သီလရှင်က ငွေ မလွှဲပေးခဲ့ကြောင်း သရုပ်ဆောင် စိစိက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။ မြင့်မြတ်သည် မာဖီးယားမြို့ တော်ဇာတ်ကားကို ဇူလိုင်လဆန်းမှစ၍ ရန်ကုန်မြို့ တွင် ရိုက်ကူးလျှက်ရှိသည်။မြင့်မြတ်ထံ မန်နေဂျာမှတစ်ဆင့် ဆက်သွယ်ရန် ယမန်နေ့က ကြိုးပမ်းခဲ့သော် လည်း ဆက်သွယ်မရခဲ့ပေ။

No comments:

Post a Comment