Monday, July 15, 2019

ကော်တင်ဟိုနှင့် နေမာ လဲယူရန် ဘာစီလိုနာ တိတ်တဆိတ်ကြိုးပမ်းနေဟု အေးဂျင့်ပြောကြား

ဘာစီလိုနာသည် ကော်တင်ဟိုနှင့် ပီအက်စ်ဂျီတိုက် စစ်မှူး နေမာကို လဲလှယ်ခေါ်ယူ ရန် တိတ်တဆိတ် ကြိုးပမ်းနေ ကြောင်း ကော်တင်ဟို၏ အေးဂျင့် က စွပ်စွဲပြောကြားသည်။ ဘာစီလိုနာအနေဖြင့် ဘရာ ဇီးကွင်းလယ်လူ ကော်တင်ဟို၏ အနာဂတ်နှင့်ပတ်သက်၍ ရှင်း ရှင်းလင်းလင်းပြောထားရမည်ဟု အေးဂျင့်ကီယာဂျော်ရာချီက ပြောကြားသည်။ ဘာစီလိုနာက ကော်တင်ဟိုကို အသင်းတွင် ဆက်လက်ထားရှိမည်ဟု ကတိပေး ထားစဉ် နေမာနှင့် လဲလှယ်ရန် တိတ်တဆိတ် လုပ်နေသည်ဟု ၎င်းကပြောသည်။


ကော်တင်ဟို (၂၇)နှစ်သည် ၂၀၁၈ ဇန်နဝါရီက လီဗာပူးမှ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းလာ ပြီးနောက် ဘာစီလိုနာတွင် အ ထိုင်မကျဖြစ်နေကာ လာလီဂါ သွင်းဂိုးငါးဂိုးနှင့် ဂိုးဖန်တီးမှုနှစ် ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ခြေ စွမ်းအပြည့်အဝ မပြနိုင်ကြောင်း  ကော်တင်ဟိုက ဝန်ခံထားသည်။

ကော်တင်ဟိုကို မန်ယူ၊ ပီ အက်စ်ဂျီနှင့် အသင်းဟောင်း လီ ဗာပူးတို့က ချိတ်ဆက်ပြောဆိုမှု များရှိနေပြီး လာမည့်ရာသီ၌ မည် သည့်အသင်း၌ ကစားရမည်ကို အသေအချာမသိဟု ၎င်းက စော စောပိုင်းတွင် ဝန်ခံထားသည်။

 ထိုအတောအတွင်း ပီအက်စ်ဂျီက လေ့ကျင့်ရေးအစီအစဉ်များသို့ လာရောက်ခြင်းမရှိသော နေမာကို ဒဏ်ရိုက်ရန် ပြင်ဆင်နေပြီး ယင်းကစားသမားနှင့်ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်။ နေမာက ဘာစီလိုနာနှင့်အတူ ပီအက်စ်ဂျီကို အနိုင်ရခဲ့သောပွဲသည် မိမိဘဝ၏ သဘောကျစရာအကောင်းဆုံး အခိုက်အတန့်ဟု ပြောကြားသဖြင့် ၎င်းဘာစီလိုနာသို့ ပြောင်းမည်ဆိုသော ပြောဆိုမှုများ တစ်ခါပြန်ကျယ်လောင်လာသည်။

ဘာစီလိုနာအနေဖြင့် ကော် တင်ဟိုနှင့်ပတ်သက်၍ လိမ်လည် မပြောသင့်ဘဲ ဆန္ဒအမှန်ထုတ် ပြောသင့်ကြောင်း အေးဂျင့်က ပြောကြားသည်။ 

No comments:

Post a Comment