Monday, July 15, 2019

၂၀၁၉ ခုနှစ် ခြောက်လအတွင်း လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ ထိုင်းရဲကယ်တင်

အခုနှစ် ဇန်နဝါရီကနေ ဇွန်လ ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံကနေ လူကုန်ကူးခံရသူ ၁၀၀၀ ကျော်ကို ထိုင်းရဲတွေက ကယ်တင်လိုက်နိုင်တယ်လို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲက ပြောပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေပါဝင်ပြီး အများစုဟာ မလေးရှားနိုင်ငံကို လူကုန်ကူးခံရတာလို့ ဆိုပါတယ်။ ဒီ ခြောက်လအတွင်းမှာဘဲ လူကုန်ကူးသူ ၁၅၁ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။



လူကုန်ကူးမှုတွေဟာ မနှစ်ကနဲ့စာရင် အခုနှစ်မှာ ပိုပြီး မြင့်တက်လာခဲ့ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဒီလူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်တွေအားလုံးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း Sonkhla မြစ်အတွင်း ရာဘာလှေတစ်စင်းပေါ်က အမျိုးသမီး ခုနှစ်ဦးပါဝင်တဲ့ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ တစ်အုပ်စုကို ထိုင်းရဲတွေက ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

ကနဦးစုံစမ်းချက်တွေအရ အသက် ၁၄ နှစ်ကနေ ၅၀ ဝန်းကျင်ကြား အဲဒီသူအားလုံးကို လူကုန်ကူးသူတွေက အုပ်စု ခြောက်စုခွဲပြီး မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သူတို့တွေကို ထိုင်း နဲ့ မလေးရှားနယ်စပ်ကနေ မလေးရှားနိုင်ငံကို လူမှောင်ခိုကူးခဲ့ကြတာဖြစ်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

No comments:

Post a Comment