Monday, July 15, 2019

ယူ-၁၈ လူငယ်လိဂ်တွင် ခိုက်ရန်ဖြစ်ပွားသည့် ကစားသမားလေးဦးကို သုံးပွဲပယ်နှင့် ကျပ်နှစ်သိန်းစီ ပြစ်ဒဏ်ချ

အသက် (၁၈) နှစ် အောက် လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) မောရ၀တီနှင့် ရွိုင်ရယ်သန် လျင်အသင်းပွဲတွင် ခိုက်ရန်ဖြစ်ပွားသည့် ကစားသမားလေးဦးကို စည်းကမ်းထိန်းသိမ်း ရေးကော်မတီကသုံးပွဲပယ်နှင့်ဒဏ်ကြေးကျပ်နှစ်သိန်း  ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဇူလိုင် ၁၀ ရက်က ပဒုမ္မာ ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ စဉ်၌ ပွဲချိန် ၆၈ မိနစ်တွင် ရွိုင်ရယ်သန်လျင်အသင်းက ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ရွိုင်ရယ်သန်လျင်မှ ဇော်ထက်ပိုင်နှင့် မောရဝတီ ဂိုးသမားဝေလင်းတို့ ဂိုးအတွင်းဘောလုံးလုကောက်ရင်း အပြန်အလှန် ထိုးကြိတ်ခြင်းဖြစ်သည်။



အဆိုပါ ဖြစ်ရပ်အတွင်းသို့ မောရဝတီမှ ဖြိုးခန့်ဇော်နှင့် ရွိုင် ရယ်သန်လျင်မှ ကောင်းခန့်တို့ လည်း ပါဝင်လာကာ အပြန်အ လှန် ထိုးကြိတ်ခဲ့သည်။

အဆိုပါ  ဖြစ်စဉ်နှင့်ပတ် သက်ပြီး ဘောလုံးအဖွဲ့ချုပ် စည်း ကမ်းထိန်းသိမ်းရေး ကော်မတီက ဇူလိုင် ၁၂ ရက်တွင် အစည်းအဝေး ပြုလုပ်၍ တာဝန်ကျဒိုင်လူကြီး များကို ခေါ်ယူမေးမြန်းကာ ပြိုင် ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများ ဖတ်ရှုလေ့လာပြီး အရေးယူခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ မော ရ၀တီကစားသမား ဝေလင်းနှင့် ခန့်ဖြိုးဇော်၊ ရွိုင်ရယ်သန်လျင် က စားသမား    ဇော်ထက်ပိုင်နှင့် ကောင်းခန့်တို့ကို  စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃) အရ အနီး စပ်ဆုံးသုံးပွဲစီ ကွင်းအတွင်း ဝင်ရောက်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးကျပ်နှစ်သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

No comments:

Post a Comment