Monday, July 15, 2019

ခြေစမ်းပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းက စင်ကာပူအမျိုးသမီးအသင်းကို ဂိုးပြတ်အနိုင်ရ

အာရှပြိုင်ပွဲအကြို ပြင် ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီး အသင်းတို့ ခြေစမ်းကစားရာ မြန်မာအသင်းက ၅-၀ ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရခဲ့သည်။ ဇူလိုင် ၁၃ ရက်က ရန်ကုန် မြို့ ဗဟန်းမြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက ဆွေမာအောင်၊ မိုးမိုးသန်း၊ စန်း သော်သော် စသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ အဆိုပါပွဲ၌ မြန်မာအသင်းက စင်ကာပူအသင်းကို ပွဲချိန်တစ် လျှောက် ဖိအားပေးကစားပြီး ပ ထမပိုင်းတွင်နှစ်ဂိုး၊ ဒုတိယပိုင်း၌ သုံးဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရ ခဲ့သည်။



မြန်မာယူ-၁၉ အမျိုးသမီး အသင်းအတွက် အနိုင်ဂိုးများကို မိုးမိုးသန်း၊ ဆွေမာအောင်၊ လင်း မြင့်မိုရ်၊ သဇင်အောင်၊ စန်းသော် သော်တို့က သွင်းယူပေးခဲ့သည်။

ယင်းခြေစမ်းပွဲကို စင်ကာပူ ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမူ အရ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး စင်ကာပူ လူငယ်လက်ရွေးစင် အ မျိုးသမီးအသင်းများသည် ပြီးခဲ့ သည့်နှစ်က မြန်မာနိုင်ငံသို့ လာ ရောက်ပြီး ခြေစမ်းပွဲကစားခဲ့ သည်။

မြန်မာယူ-၁၉ အမျိုးသမီး အသင်းသည် အောက်တိုဘာတွင် ကျင်းပမည့် အာရှယူ-၁၉ ပြိုင်ပွဲ အတွက် ဇူလိုင် ၁ ရက်တွင် စ တင်လေ့ကျင့်ပြီးနောက် စင်ကာပူ အမျိုးသမီးအသင်းနှင့် ပထမဆုံး ခြေစမ်းပွဲကစားခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အမျိုးသမီး အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်နေပြီး ပြီးခဲ့သည့်  အာရှခြေစစ်ပွဲပြိုင်ပွဲဝင် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားသည်။ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင် ဘာ ၃ ရက်အထိ ထိုင်းနိုင်ငံတွင်  ကျင်းပမည် ဖြစ်ပြီး မြန်မာယူ-၁၉ အမျိုးသမီးအသင်းက အုပ်စု (ခ) ၌ လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက် နေသည်။

No comments:

Post a Comment