Monday, July 15, 2019

ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဖွဲ့စည်းပုံပြင်လိုပါက အပစ်ရပ်စာချုပ်တွင် အားလုံးပါမလာသေးခြင်းကို သတိပြုသင့်ဟု တပ်မတော် ပြော

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးလုပ်ငန်း စဉ်လမ်းကြောင်းမှ ပြင်ဆင်ရေး သည် NCA ထိုးသင့်ထိုးထိုက်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်မှုမရှိသေးသည့် အချက်ကို သတိပြုသင့်သည်ဟုတပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ပြီး လက်ရှိတွင် လွှတ်တော်တွင်း မှ ကြိုးပမ်းနေမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သီးခြားမှတ်ချက် ပေးခြင်းမရှိသော်လည်း  ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်မည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာ အထက်ပါအတိုင်း ရှင်းပြ သည်။



‘‘ငြိမ်းချမ်းရေးလမ်းကြောင်း ကနေပြီးတော့ NCA ထဲမှာ ပါပြီးသားဖြစ်တယ်။ သို့သော် ငြိမ်းချမ်းရေးလမ်းကြောင်းကနေ ပြောရမယ်ဆိုရင် ဒီ NCA လက်မှတ်ထိုးဖို့တောင်မှပဲ အကုန်လုံးနီးပါး ပါဝင်နိုင်မယ့် အနေအထားမရှိ သေးဘူး။ အဲဒါလေးတစ်ခုတော့ သတိပြုရမှာပေါ့’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 ဖွဲ့စည်းပုံပြင်ဆင်ရေးကို ငြိမ်းချမ်းရေး  လမ်းကြောင်းမှ ဆောင်ရွက်ရာတွင်  NCA စာချုပ်တွင်ပါရှိသည့် လမ်းပြမြေပုံအ တိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ ကျင်းပခြင်း၊ ညီလာခံတွင် ဆွေးနွေးသဘောတူညီ ချက်များကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆို ကာ   လွှတ်တော်တွင် အတည်ပြုပြီး အဆင့်ဆင့်သော လုပ်ငန်းများ  ဆောင်ရွက်ရမည်ဖြစ်သည်။

‘‘ဒီလမ်းကြောင်းကို သွား မယ်ဆိုတာက အားလုံးက သူ့ရဲ့လမ်းကြောင်းတွေ အကုန်လုံး သိပြီးသားပဲ။ NCA ထဲမှာ (လုပ်ဆောင်ရန် အဆင့်ဆင့်)Road-map ပါပြီးသား။ Roadmap ရဲ့နောက်ဆုံးအဆင့်မှာ ပြည်ထောင်စု Accord တွေရရှိဖို့ အရေးကြီး တယ်။ ပြည်ထောင်စု သဘော တူညီချက် Accord တွေရရှိဖို့ဆိုတာ ညီလာခံတွေကနေ အားလုံးက သဘောတူညီချက်ရရှိဖို့။ အခုက အားလုံးမြင်တဲ့အတိုင်း ၅၁ ချက်နဲ့ ရပ်တန့်နေတာလည်းရှိတယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။

ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)အကြံပေး ဦးခွန်းဆေကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို လွှတ်တော်လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းကြောင်း တစ်ပြိုင်တည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း သုံးသပ်သည်။

‘‘ဒီလမ်းကြောင်းနှစ်ကြောင်း က ဆက်စပ်မှုရှိဖို့လိုပါတယ်။ သူ့ ဟာသူ သီးခြားငါကြိုက်သလို ငါလုပ်၊ မင်းလည်း မင်းကြိုက်သလို မင်းလုပ်ဆိုတာမျိုးမဟုတ် ဘဲ ဆက်စပ်မှုရှိရှိ လုပ်သွားရင်တော့ ပိုပြီး မြန်ဆန်မယ်၊ ပိုပြီးတော့ ထိရောက်မယ်လို့ထင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

NCA တွင် အဖွဲ့အားလုံး ပါဝင်ရေးစောင့်ဆိုင်းမည်ဆိုပါကငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့် ကြာနေမည်ဖြစ်ကြောင်း RCSS အကြံပေးက ပြောသည်။

‘‘ဒီတော့ NCA ထိုးထားတဲ့  အဖွဲ့တွေကလည်း ပါဖို့လိုတယ်။NCA မထိုးထားတဲ့ အဖွဲ့တွေကလည်း ပါဝင်ဖို့ နည်းလမ်းတစ်ခု၊ယန္တရားတစ်ခု ချမှတ်ပေးနိုင်မယ်ဆိုရင် ဒါက ပိုပြီးကောင်းသွား မယ်’’ဟု ဦးခွန်းဆေက ဆိုသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များအကြား ညှိနှိုင်း မှုအရ ပေါ်လောက်လာသည့် NCAကို ၂၀၁၅ အောက်တိုဘာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ တွင် နှစ်ဖွဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိ အစိုးရနှင့် တပ်မတော်အနေဖြင့် NCA ထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက် ကိုင် ရှစ်ဖွဲ့ပါဝင်လာရေး ညှိနှိုင်း လျက်ရှိရာ ဆွေးနွေညှိနှိုင်းမှုများ ဆောင်ရွက်ရန်ပင် အခက်အခဲ များ ရှိနေသည်။  တစ်ဖက်တွင် NCA အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းကြောင်း၌ တပ်မတော်က အဆိုပြုသည့် ပြည် ထောင်စုမှ ခွဲမထွက်ရကိစ္စနှင့် တစ်ခုတည်းသောတပ်မတော်ကိစ္စတို့ ကြောင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး  အပစ်ရပ်အဖွဲ့အချို့က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထား၍ အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင် နေသည်။

No comments:

Post a Comment