Monday, July 15, 2019

ကနည်း ၁၄ မျိုး ကတတ်သော ကြက်တူရွေး

၁၉၈၀ ပြည့်နှစ်ကာလတစ်ဝိုက်က ဂန္ထဝင်တေးသီချင်း များဖြင့် မတူညီသော အကနည်း ၁၄ မျိုး ကပြခဲ့ပြီးနောက် Head-ganging Cockatoo (ကြက်တူ ရွေးမျိုးစိတ်တစ်မျိုး) ငှက်တစ် ကောင်သည် သုတေသီများကို အံ့အားသင့်စေခဲ့သည်။ အက မသင်ခဲ့သော နှင်း ဘောလုံးအမည်ရှိ အဆိုပါ ကြက် တူရွေးသည် ခြေထောက်များကို မြှောက်ပြခြင်း၊ ခေါင်းညိတ်ကာ ခြေထောက်ဘယ်ညာ ဟန်ချက် ညီညီ မြှောက်ပြခြင်း၊ ခုန်ဆွခုန်ဆွ ဖြင့် ဘေးတိုက်သွားပြခြင်း၊ ခုန်ဆွ ခုန်ဆွဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်ပြခြင်း အစရှိသည့် ဟန်ပန် အမူအရာအမျိုးမျိုးကို သီချင်း တေးသွားစည်းချက်ဖြင့် ကပြနိုင် ခဲ့သည်။



ဖွင့်ပေးထားသော သီချင်း တေးသွားဖြင့် အဆိုပါ ကြက်တူ ရွေး ဟန်ချက်ညီညီ လှုပ်ရှားကပြနိုင်ခြင်းက ကခုန်ခြင်းသည် လူသားများသာမက တိရစ္ဆာန်များပါ ဆွဲဆောင်မှုကြောင့် ပြသနေသည်ဟု အမေရိကန် သိပ္ပံပညာရှင်များက ယုံကြည်နေသည်။

ဦးနှောက်အတွင်း အချို့ သော အခြေအနေများ ဖြစ်ပေါ် နေချိန်၌ ဂီတကို တုံ့ပြန်ခြင်းဖြစ် ကြောင်း သိပ္ပံပညာရှင်များက ယူဆသည်။

ကြက်တူရွေးမျိုးစိတ် ၂၁ ခု တွင် ပါဝင်သော ယင်းကြက်တူ ရွေးသည် အသံများကို လိုက်လံ တုပသင်ယူနိုင်ပြီး ၎င်းတို့၏ ဦးနှောက်၌ ခိုင်မာသော အကြား အာရုံ ချိတ်ဆက်မှုများ ပါဝင် သည်။

No comments:

Post a Comment