Monday, July 15, 2019

ဗန်းမော်မြို့နှင့် တနိုင်းမြို့နယ်တို့ရှိ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အလယ် ရပ်ကွက်နှင့် ဆူးပုတ်ကုန်း ကျေးရွာတို့တွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ပြီး အဆိုပါရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၁၄၀ ဦးအား ရေဘေးအန္တရာယ် လွတ်ကင်းရာနေရာ များဖြစ်သည့် ဓမ်္မိကာရုံ ဘုန်းတော်ကြီး ကျောင်း၊ နတ်စင်ကြီးဓမ်္မာရုံ၊ ရွှေကျောင်း ဓမ္မာရုံ၊ မင်းစည် ဘုန်းကြီးကျောင်းနှင့် လေးထပ် ဘုန်းတော် ကြီး ကျောင်းများသို့ နယ်မြေခံ တပ်မတော်သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ နေထိုင်စေလျက် ရှိသည်။



ရေဘေးသင့်ပြည်သူများ နေထိုင်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ သွား ရောက်လှူဒါန်းသည်။

အလားတူ တနိုင်းမြို့နယ်၊ ဂျိုဆာဒီးကျေး ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး အိမ်ထောင်စု၁၆၄ စု၊ လူဦးရေ ၈၅၇ ဦးမှာ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသဖြင့် ယနေ့တွင် နယ်မြေခံ တပ်မတော်သားများက ထမင်းဘူး ၅၀၀ ဘူး၊ မုန့်မျိုးစုံနှင့် သောက်ရေသန့်ဘူးကြီးများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment