Monday, July 15, 2019

ခြေဥပြင်ဆင်ရေး လွှတ်တော်ကြိုးပမ်းချက် KNPP ကြိုဆို

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က လွှတ်တော်တွင်းမှ ကြိုးပမ်းနေ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုကို ကြိုဆိုထောက်ခံကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေး မှူး ရွှေမျိုးသန့်က ပြောသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်  တပ်မတော်ကလုပ် ပိုင်ခွင့် များစွာယူထားသည်ဆို ခြင်းကို လေ့လာသူတိုင်း သိရှိနိုင် သည်ဟု ၎င်းကဆိုသည်။



‘‘စစ်တပ်ကရော၊ အစိုးရရော ဖက်ဒရယ်ပြည်ထောင်စုကို သွား မယ်ပြောနေကြတယ်။ အဲဒါက လက်ရှိဖွဲ့စည်းပုံနဲ့ ဘယ်လိုမှသွား လို့မရဘူး’’ ဟု ရွှေမျိုးသန့်ကပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်ပြီး အစိုးရ နှင့် တပ်မတော်ကြားညှိနှိုင်းဆောင်  ရွက်မှု အပိုင်းများကိုလည်းမတွေ့ ရကြောင်း ၎င်းကဆိုသည်။

KNPP ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ ပြောရေးဆို ခွင့်ရှိသူ နဲနယ်ပလိုးကလည်း NLD ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုကို ကြိုဆိုကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ထောက်ခံမှု တစ်ခုတည်းဖြင့် မလုံ လောက်ကြောင်းပြောသည်။

KNPP ၏ သတင်းနှင့်ပြန် ကြားရေးဌာန KNIC မှ နဲနယ်ပ လိုး၏ ပြောကြားချက်များကို ဇူလိုင် ၁၃ ရက်က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ကတိက ဝတ်နဲ့ အစိုးရဖြစ်လာတာကြာပြီ လေနော်။ ဒါပေမဲ့ ခုထိဘာမှမည် မည်ရရလုပ်နိုင်တာ မတွေ့ရသေး ဘူး။ ပြင်ဖို့တော်တော်ခက်အောင်  လုပ်ထားတယ်ဆိုတော့လည်း  နားလည်ပေးလို့ရပါတယ်။ ဒါပေ မဲ့  ဒီနေရာမှာ လူထု ထောက်ခံမှု တစ်ခုတည်းနဲ့တော့ မလုံလောက် ဘူးပေါ့နော်။ တစ်နိုင်ငံလုံးထောက် ခံနေပါစေ၊ ၂၀၀၈ ဖွဲ့စည်းပုံက စစ်တပ်အတွက် တကယ့်ခံတပ် ကြီးဖြစ်တယ်ဆိုတော့ လူထုအသံ  ကိုလည်း သူတို့လျစ်လျူရှုထားလို့ ရတယ်။ ၂၀၀၈(အခြေခံဥပဒေ)ကိုအထိမခံဘူး ဆိုပြီးတော့ပေါ့။ ဆိုတော့ ဒီလိုအနေအထားမှာဆို ရင် NLD အစိုးရ အနေနဲ့ Crea- tive ပိုဖြစ်ဖို့လိုမယ်။ အထူးသဖြင့် စေ့စပ်ညှိနှိုင်းရေး အပိုင်းပေါ့၊ ထိ ရောက်မှုရှိတဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ သွားနိုင်ရင်တော့ ၂၀၀၈ ကို အ တိုင်းအတာတစ်ခုအထိ ပြင်နိုင် ပါလိမ့်မယ်’’ ဟု နဲနယ်ပလိုးက ပြောသည်။

တိုင်းရင်းသားများမျှော်မှန်း သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေးအထိပြင် ဆင်နိုင်ရန်မဖြစ်နိုင်သေးဟု ယူဆ ကြောင်း၊ ဖက်ဒရယ်စနစ်အတွက် လက်ရှိ ဖွဲ့စည်းပုံ၏ အနှစ်သာရ ကိုပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ‘‘အခုဟာက ပြင်ရင်တောင် မှ အနှစ်သာရကိုမထိဖို့ သတိပေး ခံနေရတော့ ခက်ပါတယ်။ ဆက် ပြီးညှိနှိုင်းရပါဦးမယ်။ တစ်ခုတော့ ရှိတယ်။ အခုအနေထားမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ကြိုးစား နေချိန်မှာပဲ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေတွေ၊ ပြည်သူကိုအကာအ ကွယ် မပေးနိုင်တဲ့ဥပဒေတွေ၊ ကို လိုနီခေတ်ဥပဒေတွေ အဲဒီလိုမတ ရားတဲ့ဥပဒေတွေကို အရင်ပြင်ရင် ကောင်းမယ်။ ပြင်သင့်တဲ့ဟာ တွေ ပြင်၊ ပယ်ဖျက်သင့်တဲ့ဟာ တွေပယ်ဖျက်ပေါ့။ အဲဒီလိုဆိုရင် ပြည်သူအတွက် ပိုခံသာမယ်’’ ဟု နဲနယ်ပလိုးက ပြောသည်။

No comments:

Post a Comment