Monday, July 15, 2019

လူဝင်မှုကြီးကြပ်ရေးစင်တာကို တိုက်ခိုက်သော အမျိုးသားတစ်ဦး ရဲတပ်ဖွဲ့ပစ်ခတ်၍ သေဆုံး

အမေရိကန်နိုင်ငံ တာကိုမာမြို့တွင် လူဝင်မှုကြီး ကြပ်ရေး ထိန်းသိမ်းရေးစင်တာ တစ်ခုကို တိုက်ခိုက်ခဲ့သော လက်နက်ကိုင်အမျိုးသားသည် ရဲအရာ ရှိများ၏ ပစ်ခတ်ခြင်းခံရပြီးနောက် သေဆုံးခဲ့ကြောင်း အာဏာပိုင် များက ပြောသည်။ စနေနေ့ နံနက်အစောပိုင်း က နော့သ်ဝက်စ်ထိန်းသိမ်းရေးစင်တာ၌ ရိုင်ဖယ်ကိုင်အမျိုးသား တစ်ဦးက မီးလောင်စေသော ကိရိယာပစ္စည်းများဖြင့် ပစ်ပေါက်နေ ကြောင်း တိုင်ကြားချက်များကို လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။



နောက်ပိုင်းတွင် ယင်းအမျိုး သားသည် ဝီလီယံဗန်စပွန်ဆန်ဆိုသူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းသည် ယင်းစင်တာ၌ အစောပိုင်းဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 အဓိက နေရပ်ပြန်ပို့ရေးစစ်ဆင်ရေးတစ်ခု မစတင်မီ ယခုဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်။

ယင်းစစ်ဆင်ရေးတွင် လူဝင် မှုကြီးကြပ်ရေးနှင့် အကောက်အ ခွန်စည်းကြပ်ရေး တာဝန်ရှိသူများ အနေဖြင့် အမေရိကန်နိုင်ငံတစ်ဝန်း ၁၀ မြို့၌ ရွှေ့ပြောင်းအခြေချသူ မိသားစုများကို ပစ်မှတ်ထား မည်ဖြစ်သည်။

အဆိုပါ မိသားစုများသည် နေရပ်ပြန်ရန် လတ်တလော ညွှန်ကြားခံရသော်လည်း လက်ရှိအ ချိန်ထိ အမေရိကန်မှ မထွက်ခွာသေးပေ။ ယင်းမှာ ရွှေ့ပြောင်းအခြေချသူများအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နှိမ်နင်းမှုတွင် နောက်ဆုံးဖြစ်ရပ် ဖြစ် သည်။

No comments:

Post a Comment