Monday, July 15, 2019

မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသော ဘာသာရေးဆရာအား ဇူလိုင် ၁၅ ရက်တွင် ရုံးတင်စစ်ဆေးမည်

ကလေးမြို့နယ်တွင် အသက်မပြည့်သေးသော ညီအစ် မနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့်ဖမ်း ဆီးထားသော ဘာသာရေးဆရာ  အားဇူလိုင် ၁၅ ရက်တွင် ပထမ အကြိမ် တရားရုံးတင်စစ်ဆေး မည်ဖြစ်သည်။  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကြို့သုံးပင်ရပ်ကွက် တွင် အဘွားနှင့်အတူ နေထိုင် သော အသက် (၁၁) နှစ်နှင့် (၁၃) နှစ်အရွယ်မိန်းကလေးနှစ်ဦးကို (၄၅) နှစ်အရွယ် ဦးဆွမ်ဇမုန်အ မည်ရှိ ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက အဓမ္မပြုကျင့် သည်ဟု သံသယရှိ၍ ရဲတပ်ဖွဲ့က ဇွန်လ ၁၅ ရက်တွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။



‘‘စစ်ဆေးတာ ရမန်ကြီးနှစ် ပတ်လည်း ပြည့်ပြီဆိုတော့ ဇူလိုင်  ၁၅ ရက်မှာတရားစွဲတင်မယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးလေးစိုးက ပြော သည်။

ဦးဆွမ်ဇမုန်ကို ဒေသခံတိုင်း ရင်းသားအချို့က ဘာသာရေးအ ယူအဆအရ ယုံကြည်သည်ဟု ခရစ်ယာန်ဘာသာဝင် အသိုင်း အ၀ိုင်းက ဆိုသည်။ ဘာသာရေး ယုံကြည်မှုအရ ဆုတောင်းပေးရန် ဦးဆွမ်ဇမုန်နေထိုင်ရာ ဘာသာ ရေးအဆောက်အအုံသို့ မိန်းက လေးငယ်နှစ်ဦး၏ အဘွားက  ပို့ဆောင်ရာမှ အဓမ္မပြုကျင့်မှုဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆို သည်။ ကလေးငယ်နှစ်ဦးနှင့် ဘာ သာရေးဆရာသည် ချင်းတိုင်း ရင်းသားများဖြစ်ပြီး အဆိုပါအမှု ကို ဥပဒေအရအရေးယူနိုင်ရေး ကလေးမြို့ အခြေစိုက်အရပ် ဘက်အဖွဲ့အစည်းများက ပူး ပေါင်းဆောင်ရွက်နေသည်။

အဆိုပါအမှုကို အရေးယူ နိုင်ရေးပူးပေါင်းဆောင်ရွက်မည် ဟုစစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်နှင့် ချင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦး လာလ်ထောင်ဆန်းက ပြောကြား ထားသည်။ ဦးဆွမ်ဇမုန်ကို ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ ချမှတ်နိုင်သောရာဇသတ် ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်စစ် ဆေးခဲ့ခြင်းဖြစ်သည်။  ကလေးဒေသတွင် ၂၀၁၈ ကလည်း ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက ၎င်းခေါ်ယူစောင့် ရှောက်ထားသော အသက်မပြည့် သေးသည့် မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ခဲ့သည်။ ယင်း အမှုကို စစ်ဆေးပြီးနောက်ဘာ သာရေးဆရာကို ကလေးခရိုင် တရားရုံးက အမှုတစ်ခုချင်းစီအ လိုက်ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခဲ့ သည်။

No comments:

Post a Comment