Monday, July 15, 2019

ဟာရီကိန်းမုန်တိုင်း “ဘာရီ” အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ်သို့ ၀င်ရောက်တိုက်ခတ်၊ လူပေါင်း ၁ သိန်း ၃သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ

ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို  ဇူလိုင် ၁၃ ရက်က ၀င်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့်  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။ ပထမအဆင့်ရှိ “ဘာရီ”  မုန်တိုင်းသည် ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းက လူဝီစီးယားနားပြည်နယ်  အလယ်ပိုင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အပူပိုင်းမုန်တိုင်းအဖြစ်သို့လျော့ကျသွားကာ မြောက်ဘက်အရှေ့စွန်းစွန်းသို့  တစ်ဖြေးဖြေးရွှေ့လျားသွားကြောင်း အမေရိကန် ဟာရီကိန်းစင်တာ(NHC)၏ သတင်းများက ဆိုသည်။

လူဝီစီးယားနားပြည်နယ်၌ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် သုံးစရာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ကမ်းရိုးတန်းဒေသ နှစ်ခုနေ ပြည်သူများကိုလည်း ရွှေ့ပြောင်းရန်ညွှန်ကြားထားကြောင်း  လျှပ်စစ်ရေးရာဌာန၏ စာရင်းများအရ သိရသည်။

မိုးဇလ၏ကြိုတင်ခန့်မှန်းချက်များအရ နောက်ရက်အနည်းငယ်အတွင်းတွင် “ဘာရီ(Barry)”ကြောင့်  လူဝီစီးယားနားပြည်နယ်၊ မစ္စစ္စပီပြည်နယ်(Mississippi) အနောက်ပိုင်းနှင့်  အာကန်ဆန်ပြည်နယ် (Arkansan)အရှေ့ပိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းမည် ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment