Monday, July 15, 2019

ပေါ့ဂ်ဘာကို နည်းပြဆိုးလ်ရှားက မန်ယူအသင်း ခေါင်းဆောင်အဖြစ်လျာထား

ရာသီကြိုခရီးစဉ်အတွင်း ပါ့သ်ဂလိုရီအသင်းကို ၂-၀ ဂိုး ဖြင့်နိုင်သောပွဲအပြီးတွင် မန်ယူ နည်းပြ ဆိုးလ်ရှားက ပြင်သစ် ကွင်းလယ်လူ ပေါ့ဂ်ဘာကို အ သင်းခေါင်းဆောင်အဖြစ် လျာ ထားကြောင်း ပြောကြားသည်။
ယခုနွေရာသီတွင် လူကာ ကူနှင့်အတူ မန်ယူမှထွက်ခွာမည် ဟု သတင်းထွက်နေသော ပေါ့ဂ် ဘာသည် ရီးရဲလ်သို့ပြောင်းရွှေ့ မည်ဟု ပြောဆိုမှုများရှိနေစဉ် ဆိုလ်းရှားက အထက်ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။



ပေါ့ဂ်ဘာသည် လာမည့်ရာ သီတွင် မန်ယူအသင်းခေါင်း ဆောင် လက်ပတ်ကိုဝတ်ဆင်ရ နိုင်သည်ဟု ဆိုးလ်ရှားက ပြော ကြားသည်။ ‘‘သူ့ကို အသင်းခေါင်း ဆောင်နေရာ ဘာလို့ပေးမှာလဲဆို တာကို ရှင်းပြဖို့မလိုဘူးလို့ ကျွန် တော်ထင်တယ်။ အဲဒီကိစ္စကို ကျွန်တော်တို့ နောက်ပိုင်းမှ ဆွေး နွေးသွားမှာပါ’’ ဟု ဆိုးလ်ရှားက ပြောသည်။

ပါ့သ်မြို့တွင် မန်ယူက ၂-၀ ဂိုးဖြင့်နိုင်သောပွဲ၌ ရက်ခ်ျဖို့ဒ်နှင့် ဂျိမ်းစ်ဂါနာတို့က တစ်ဂိုးစီသွင်းယူ ပြီး မန်ယူပရိသတ်များက ဂျိမ်းစ် ဂါနာသည် အိုးလ်ထရက်ဖို့ဒ်၏ အနာဂတ်ကြယ်ပွင့် ဖြစ်လာနိုင် သည်ဟု ချီးကျူးသည်။

မန်ယူတိုက်စစ်မှူး လူကာ ကူကို ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း အင်တာမီလန်က အ တည်ပြုထားစဉ် ဆိုးလ်ရှားက ပေါ့ဂ်ဘာနှင့် လူကာကူတို့ကို တရားဝင်ကမ်းလှမ်းမှုမရှိသေးဟု စောစောပိုင်းက ပြောကြားသည်။

ထိုအတောအတွင်း မန်ယူ က လက်စတာနောက်ခံလူ ဟယ် ရီမက်ဂွီရီ (၂၆) နှစ်ကို ခေါ်ယူရန် ပြင်ဆင်နေပြီး ပေါင်သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုကို လက်စတာက ပယ်ချသဖြင့် ၎င်းကဒေါသထွက် နေသည်။

လက်စတာက မိမိကိုအ သင်းမှ မပြောင်းရွှေ့နိုင်အောင် ဈေးနှုန်းကို မြင့်တင်နေသည်ဟု မက်ဂွီရီက ပြောကြားသည်။ ၎င်း ကိုမန်စီးတီးကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် သတင်းများက ဖော်ပြသည်။

No comments:

Post a Comment