Monday, July 15, 2019

လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်ခုနစ်စီးခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လပထမပတ်က လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာ သာယာအေး လမ်းမပေါ်တွင် ခိုးမှုများကျူးလွန်ထား ကြောင်း သတင်းရရှိထားသူ ရဲထက်နိုင် (ခ) နဂါးလေးကို ၎င်းကိုင်ဆောင် ထားသော ဖုန်းတစ်လုံးနှင့်ပတ်သက်၍ စစ်မေးရာ ၂၀၁၈ ခုနှစ် မေလအတွင်း လှိုင်သာယာမြို့နယ် ရှမ်းချောင်း ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။



ရဲထက်နိုင် (ခ) နဂါးလေးကို ထပ်မံစစ်ဆေးရာ ၎င်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း လှိုင်သာယာမြို့နယ်အတွင်းမှ ဆိုင်ကယ် မျိုးစုံခုနစ်စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက် ချက်အရ အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ ရဲထက်နိုင် (ခ) နဂါးလေး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment