Monday, July 15, 2019

တပ်မတော်၏ စုံစမ်းရေးလုပ်ငန်းစဉ်အတွင်း ဘက်မလိုက်သည့်ပညာရှင်များ ထည့်သွင်းသင့်ဟု အဖွဲ့အစည်းအချို့တိုက်တွန်း

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့၏ စစ်ရေးပဋိပက္ခအတွင်း သံသယရှိ သူများကို ထိန်းသိမ်းစစ်ဆေးစဉ်  သေဆုံးမှုများနှင့် ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း ဆောင်ရွက်မည်ဟု တပ်မတော် က ထုတ်ပြန်ထားရာ စုံစမ်းရေး လုပ်ငန်းများတွင် ဘက်မလိုက် သည့် ပညာရှင်များပါဝင်ရေး စဉ်း စားသင့်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP) နှင့် သုတေသနအ ဖွဲ့ MIPS တို့မှတာဝန်ရှိသူများက အကြံပြုသည်။ 

ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ရှိ ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေး ရွာ၊   ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာ၊ ကျောက် တော်မြို့နယ်ရှိ မင်းသားတောင် ကျေးရွာနှင့် မြောက်ဦးမြို့နယ်ရှိ ဝေသာလီဆုတောင်းပြည့်ဘုရားအနီးဒေသများတွင် AA နှင့် ပတ် သက်သည်ဟု သံသယရှိသူများ ကို ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံး မှုများကို ဖြစ်စဉ်အမှန်အတိုင်း ပေါ်ပေါက်စေရန်  ဇူလိုင် ၁၂ ရက်ကစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်မည်ဟု တပ်မ တော်က ထုတ်ပြန်သည်။

‘‘စုံစမ်းစစ်ဆေးမှုတွေမှာ တပ်အနေနဲ့ ကိုယ့်ရဲ့တပ်ဘက် ဆိုင်ရာ ပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ် တွေကိုယ်တိုင်က ဒီတပ်ဘက်က  လုပ်ဆောင်မှုတွေကို တပ်အနေနဲ့  စုံစမ်းစစ်ဆေးမှုလုပ်ရုံနဲ့တော့ ဖြစ် စဉ်တွေအပေါ်မှာ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်  မထင်ဘူး။ အရပ်ဘက်ကျွမ်းကျင် ပညာရှင်တွေနဲ့၊ ဘက်လိုက်မှုကင်း တဲ့ အရပ်ဘက်ကျွမ်းကျင်ပညာ ရှင်တွေနဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးနိုင် ရင်တော့၊ ပိုပြီးတော့ မှန်ကန်တဲ့ အဖြေတွေ ရနိုင်မယ်လို့ ယုံကြည် ပါတယ်’’ ဟု ANP ဥက္ကဋ္ဌဦးသာ ထွန်းလှက ပြောသည်။

ထိန်းသိမ်းစစ်ဆေးစဉ် သေ ဆုံးမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး  စုံစမ်းသင့်သည်ဟု တပ်မတော်က လက်ခံပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း ခြင်းသည်   ကြိုဆိုရမည့်ကိစ္စဖြစ် ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြော သည်။ တပ်မတော်၏ စုံစမ်းစစ် ဆေးရေးအဖွဲ့အနေဖြင့် တတ်နိုင် သမျှ စုံစမ်းစစ်ဆေးချက်များကို လူထုဘက်က ယုံကြည်မှုရှိစေရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ရန်လိုအပ်သည်ဟု ၎င်းကဆို သည်။

‘‘တခြားကျွမ်းကျင်တဲ့ ပညာ ရှင်တွေ၊ ပိုပြီးသမာသမတ်ကျနိုင် တဲ့ နည်းလမ်းမျိုးတွေ၊ တခြားလူ တွေကိုလည်း တတ်နိုင်သလောက် ဘယ်လောက်ထိ ဒီ Process ထဲ မှာ ပါဝင်ပတ်သက်ခွင့်ရှိမလဲဆို တာ တစ်နည်းတစ်ဖုံတော့ စဉ်း တော့ စဉ်းစားသင့်ပါတယ်’’ ဟု ဒေါက်တာမင်းဇော်ဦးက အကြံပြု သည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ် မတော် စုံစမ်းစစ်ဆေးရေးခုံရုံး သည်လူအပေါ်မူတည်ပြီး ဆောင် ရွက်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းထား သည့် ဥပဒေများအပေါ် မူတည် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စုံ စမ်းစစ်ဆေးမှုတွင် အရပ်ဘက် ပညာရှင်များ ပါဝင်ရေး မဖြစ်နိုင် ကြောင်း ပြောကြားသည်။

‘‘ကျွန်တော်တို့ရဲ့ စစ်ဘက် တရားစီရင်ရေးအရပဲ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါမြန်မာ နိုင်ငံတစ်နိုင်ငံတည်းမှ ထူးဆန်း ပြီး ဆောင်ရွက်နေတာမဟုတ် ဘူး။ နိုင်ငံတကာရဲ့ စစ်ဘက်တ ရားစီရင်ရေးမှာလည်း အဲဒီအ တိုင်းပဲ ဆောင်ရွက်နေတာဖြစ် တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ AA နှင့်ပတ်သက်ပြီး သံသ ယရှိသည်ဆိုကာ လုံခြုံရေးတပ်ဖွဲ့ များက ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးသူ ၁၅ ဦးထက် မနည်းရှိ ကြောင်း ဒေသတွင်း ကူညီရေးအ ဖွဲ့ တာဝန်ရှိသူများကပြောသည်။ AA က လည်း ၎င်းတို့ သံသယရှိသူများကို ဖမ်းဆီးထားခြင်းများရှိသည်။

No comments:

Post a Comment