Monday, July 15, 2019

မြောက်ဥက္ကလာပတွင် (၂) နှစ်အရွယ် မိန်းကလေးငယ် အဓမ္မကျူးလွန်ခံရသည့်အမှု ယနေ့တရားစွဲတင်

 မြောက်ဥက္ကလာပမြို့ နယ်တွင် (၂) နှစ်အရွယ်မိန်းက လေးအဓမ္မကျူးလွန်ခံရသည့်အမှု ကိုယနေ့ အရှေ့ပိုင်းခရိုင်တရား ရုံးသို့ တရားစွဲတင်မည်ဖြစ် ကြောင်း အမှုစစ်ရဲအုပ်ကျော်စွာ   ထွန်းကပြောသည်။  ‘‘ဆေးစစ်ချက်များနှင့်စီအိုင် ဒီ၏ စစ်ဆေးချက်များရရှိခဲ့ပြီး ဥပ ဒေအကြံပြုချက်တောင်းခံထား ချက်မှာ ပြန်လည်ရောက်ရှိလာ ပြီဖြစ်သဖြင့်တရားစွဲတင်ခြင်းကို ဇူလိုင် ၁၅ ရက်တွင် စတင်ခြင်း ဖြစ်သည်’’ ဟု ရဲအုပ်ကျော်စွာ ထွန်းကပြောသည်။ ဇွန်လ ၁၆ ရက်ကဖြစ်ပွား  သည့် ယင်းဖြစ်စဉ်ကို ဇူလိုင် ၁၅ ရက်မှသာ တရားရုံးသို့တရားစွဲ တင်နိုင်ခြင်းဖြစ်သည်။



‘‘အခုက တစ်လရှိတော့ မယ် အမှုကို မစစ်နိုင်သေးဘူး။ နောက်ပြီးတရားရုံးစစ်ဆေးရင် လည်း ကြာမှာစိုးရိမ်ရတယ်’’ ဟု ကျူးလွန်ခံရသူကလေးငယ်၏ ဖခင်ကပြောသည်။

ရဲမှတ်တမ်းအရ ကျူးလွန်သူသည် အသက်(၃၉)နှစ်အရွယ်ရှိ ကိုရင်ကြီး ဥုးဥတ္တရ (ခ) ဇေယျာလင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ကလေးကို ခိုးယူပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု  ရဲစခန်း၌ထွက်ဆိုခဲ့သည်။

ဇေယျာလင်းကို ကလေးခိုး မှု၊ မုဒိမ်းမှုဖြစ်သည့် ပုဒ်မ ၃၆၃ နှင့် ၃၇၆ တို့ဖြင့် အမှုဖွင့်ပြီး မြောက်ဥက္ကလာပမြို့နယ်တရား ရုံးတွင် ရမန်ယူထားသည်။

ယင်းဖြစ်စဉ်တွင် မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ နယ်မြေရှိ ဘုန်ကြီးကျောင်းတစ် ကျောင်းမှ ပေးထားသည့် အခန်း ထဲ၌ သားနှင့် သမီးဖြစ်သူအား သိပ်ထားခဲ့ရာမှ သမီးဖြစ်သူနံနက် ၁ နာရီခန့်တွင် ပျောက်ဆုံးသွား၍ ရဲတပ်ဖွဲ့ထံမိဘများက  အကြောင်းကြားခဲ့သည်။ ယင်းနောက်နီးစပ်ရာ ပတ် ၀န်းကျင်ဒေသများကို လိုက်လံ ရှာဖွေပြီး နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ မော်ကျွန်းရှိ ကားဘော်ဒီရုံအနောက်ဘက် ကိုင်းတောထဲတွင် ကလေးဖြစ်သူအားတွေ့ရှိခဲ့ကြောင်း၊ က လေးအားရန်ကင်း ကလေးဆေးရုံတွင် ဆေးကုသခြင်း၊ ဆေးစစ်ချက်ရယူခြင်းများ ပြုလုပ်ခဲ့ပြီး နောက် အဓမ္မကျူးလွန်ခံခဲ့ရသည်ဟု ကလေးငယ်၏ဖခင်က ပြောဆိုထားသည်။

No comments:

Post a Comment