Monday, July 15, 2019

အာဇာနည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်အဖြစ် တက်ရောက်မည် ပြည်ထောင်စုအစိုးရဘက်က ဒုတိယသမ္မတ(၁) ဦးဆောင်မည်ဖြစ်ပြီး တပ်မတော်ဘက်ကမူ အကြီးအကဲတစ်ဦးဟုသာ အမည်စာရင်းပေးပို့ထား

ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ကျင်းပမည့်  (၇၂) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတတက်ရောက်မည်မဟုတ်ဘဲ ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေက ဦးဆောင်တက်ရောက်မည်ဖြစ်သည်။ တပ်မတော်ဘက်ကမူ ယခုနှစ်အာဇာနည်နေ့မတိုင်မီ ငါးရက်အလိုအထိ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဖြစ်၊  မဖြစ်အတည်မပြုနိုင်သေးဘဲ  တပ်မတော်အကြီးအကဲတစ်ဦး တက်ရောက်မည်ဟုသာ အမည် စာရင်းပေးထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ပြောသည်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် လက် ရှိအစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၈ အထိ ဆက်တိုက်တက် ရောက်ခဲ့သည်။



 ‘‘အာဇာနည်မိသားစုဝင် တွေခါတိုင်းလို အားလုံးတက်ကြ မယ်။ အခုနှစ်မှာ ယခင်နှစ်တွေက အားသာချက်၊ အားနည်းချက် တွေကိုအကုန်ရှာဖွေပြီးတော့ အ ကောင်းဆုံးဖြစ်အောင်လုပ်ထား ပါတယ်’’ ဟု ဦးဇော်အေးမောင်က ပြောသည်။

သမ္မတမန်းဝင်းမောင်လက် ထက်အထိ ရန်ကုန်မြို့အာဇာနည် ကုန်းတွင် ဇူလိုင် ၁၉ ရက်ရောက် တိုင်းပြုလုပ်သည့် အခမ်းအနား သို့ နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်သော်လည်း တပ်မတော်က အာဏာသိမ်းယူသော ၁၉၆၂ နောက်ပိုင်းတွင် အဆိုပါအစဉ်အလာ ပျောက်ကွယ်ခဲ့သည်။

၂၀၁၆ တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင် သောအစိုးရတက်လာချိန်၌ သမ္မတ(ငြိမ်း)ဦးထင်ကျော်နှင့် လက်ရှိသမ္မတ ဦးဝင်းမြင့်တို့  တက်ရောက်ဂါရ၀ပြုသည်ကို  မတွေ့ရသေးပေ။

သို့သော် ပြီးခဲ့သည့်အစိုးရ သက်တမ်း သမ္မတ(ငြိမ်း)ဦးသိန်း စိန်လက်ထက် နောက်ပိုင်းကစ၍ နိုင်ငံတော်သမ္မတများသည် နေ ပြည်တော်၌ နှစ်စဉ်အာဇာနည်နေ့ဆွမ်းကပ်လှူဒါန်းခဲ့သည်။

 ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင် ဆန်းစုကြည်သည် ယခင်နှစ်များ ကဲ့သို့ပင်  နိုင်ငံ့ခေါင်းဆောင်အ ဖြစ်မဟုတ်ဘဲ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ မိသားစုဝင် အဖြစ်သာ တက်ရောက်မည်ဖြစ် သည်။

ယခုနှစ်အာဇာနည်ကုန်းသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦး ထွန်းထွန်းဦး၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် တို့ တက်ရောက်မည်ဟုလည်း  ဦးဇော်အေးမောင်ကအတည်ပြု သည်။ ထို့အပြင် တက်ရောက်ဂါရ၀ပြုရန် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖိတ်ကြားထားပြီး နိုင်ငံတကာသံတမန်များ၊ သံရုံးများကို လည်း တက်ရောက်ရန်ဖိတ်ကြား ထားကြောင်း  ၎င်းကပြောသည်။

အာဇာနည်ကုန်းသို့ ပြည်သူ များလည်း တက်ရောက်ဂါရ၀ပြု နိုင်ပြီး ဇူလိုင် ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် စတင်ဝင်ရောက်ခွင့် ပြုမည်ဟုဆိုသည်။

No comments:

Post a Comment