Monday, July 15, 2019

မြန်မာလိဂ်-၂ ထိပ်ဆုံးနေရာသို့ ချင်းယူနိုက်တက် ရောက်လာ

 မြန်မာလိဂ်-၂ ပွဲစဉ် (၁၂) တွင်  ပထမနေရာမှ အား ကာသိပ္ပံအသင်း သရေကျသဖြင့် ချင်းယူနိုက်တက်အသင်းက ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ၂၀၁၉ မြန်မာလိဂ်-၂ ပွဲစဉ် (၁၂) ပွဲများကို ဇူလိုင် ၁၂ နှင့် ၁၃ ရက်တွင် သက်ဆိုင်ရာကွင်းများ၌ ကျင်းပခဲ့သည်။  ယခုတစ်ပတ်တွင် ချင်းယူ နိုက်တက်၊ မြ၀တီနှင့် ငွေကြယ် ပွင့်အသင်းတို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရသော်လည်း ထိပ်ဆုံးနေရာမှ အားကာသိပ္ပံနှင့် ကချင်အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့သည်။



စလင်းကွင်းတွင် ယှဉ်ပြိုင် သည့်ပွဲ၌ အားကာသိပ္ပံနှင့် ကချင် အသင်းတို့ အကြိတ်အနယ်ယှဉ် ပြိုင်ပြီး တစ်ဂိုးစီသရေကျခဲ့သည်။ ယင်းပွဲသရေရလဒ်ကြောင့် အား ကာသိပ္ပံအသင်းသည် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာကို ချင်းအ သင်းထံ လွှဲပြောင်းပေးခဲ့ရသည်။

အခြားပွဲစဉ်များတွင် ချင်း အသင်းက ရွိုင်ရယ်သန်လျင်ကို ၆-၁ ဂိုး၊ မြ၀တီက တက္ကသိုလ် အသင်းကို ၄-၀ ဂိုး၊ ငွေကြယ်ပွင့် က မောရ၀တီကို ၁-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရခဲ့သည်။

ယခုတစ်ပတ်တွင် မောရ၀ တီကို အနိုင်ရသည့် ငွေကြယ် ပွင့်အသင်းသည် ယခုနှစ်ရာသီ ပထမဆုံး နိုင်ပွဲအဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

၂၀၁၉ MPT မြန်မာလိဂ်-၂ ပွဲစဉ် (၁၂) အပြီးတွင် ချင်းအသင်း က ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံး၌ဦးဆောင်နေ သည်။ မြ၀တီနှင့် အားကာသိပ္ပံ အသင်းက ၂၇ မှတ်စီ တူညီနေ သော်လည်း ဂိုးကွာခြားချက်အ သာရသည့် မြ၀တီက ဒုတိယ၊ အားကာသိပ္ပံက တတိယနေရာ၌ ရပ်တည်နေသည်။ မြန်မာလိဂ်-၂ ပွဲစဉ် (၁၃) ကို ဇူလိုင် ၁၉ ရက် နှင့် ၂၀ ရက်တွင်  သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment