Monday, July 15, 2019

အနုပညာအလုပ်ကို ရူးသွပ်နေတုန်းပဲဆိုတဲ့ ထွန်းထွန်း

အသက်အရွယ်ကြီးရင့် လာသော်လည်း အများကြီးမ ပြောင်းလဲသွားသလို အနုပညာအ လုပ်နှင့်ပတ်သက်ပြီး ရူးသွပ်နေ ဆဲဖြစ်ကြောင်း အဆိုတော်၊သရုပ် ဆောင်ထွန်းထွန်းကပြောသည် ။ ‘‘ဒီအလုပ်နဲ့ပတ်သက်ပြီး ရူး သွပ်နေတုန်းပဲ။ ဖြစ်ချင်နေတုန်း ပဲ။ ကြိုးစားချင်နေတုန်းပဲ။ မပျင်း သေးပါဘူး။ ကျွန်တော်က တစ်ခု မဟုတ်တစ်ခု လုပ်နေရရင်ပျော် နေတယ်။ ရိုက်ကူးရေးမရှိရင်  ဘောလုံးကန်တယ်။ ဘောလုံးမ ကန်ရင် သီချင်းဆိုတယ်။ သီချင်း မဆိုရင် အခွေကြည့်တယ်။ အခွေ မကြည့်ရင် သူငယ်ချင်းတွေနဲ့ လျှောက်သွားတယ်။ နောက်ဆုံး လုပ်စရာမရှိရင် Gym သွားတယ်။ ကိစ္စတစ်ခုတည်းကို အာရုံမထား ထားဘူး’’ ဟု ၎င်းကပြောသည်။



တစ်ဦးတည်း ဖြတ်သန်းနေ သည့်နောက်ပိုင်းတွင် အလုပ်အ တွက် လိုအပ်သောကြောင့် ယခင် ကထက် မိမိကိုယ်ကိုယ်ပို၍ဂရု စိုက်ဖြစ်ကြောင်း ထွန်းထွန်းက ပြောသည် ။

‘‘အသားအရေကို အဓိက ထိန်းသိမ်းဖြစ်တယ်။ အရင်က တော့ မလိုဘူးထင်လို့ မလုပ်ဖြစ် တာပေါ့။ ကျွန်တော့်ရဲ့ ခံယူချက် ကိုက ကာရိုက်တာတစ်ခုကိုသရုပ် ဆောင်တဲ့အခါမှာ ၀က်ခြံရှိတာကို အပြစ်တစ်ခုလို့မမြင်ဘူး။ ဒါပေမဲ့  ပရိသတ်အမြင်၊ ပတ်ဝန်းကျင်အ မြင်မှာကျတော့ မရှိသင့်ဘူးလို့ ယူဆတဲ့အတွက် လုပ်ကြည့်တဲ့သ ဘောပါ။ အခုတော့ စည်းကမ်းရှိရှိ နေတယ်၊ အိပ်တယ်၊ ဂရုစိုက်ဖြစ် တယ်ပေါ့’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ထွန်းထွန်းသည် ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးကရိုက် ကူး သည့် ‘ခေါ်သံ’ ရုပ်ရှင်၌ ပါဝင်သရုပ်ဆောင်နေသည်။

‘‘သုခ ကာရိုက်တာပေါ့။ ခပ် ပြတ်ပြတ် လုပ်စရာရှိတာလုပ် တယ်။ မကြောက်တတ်ဘူး။ အ ကုန်လုံးက အပြင်မှာခင်နေသိနေ ပေမယ့် ဒီကားမှာမှ ဆုံတာပေါ့။ သူ ငယ်ချင်း သံယောဇဉ်တွေရော၊ သမီးရည်းစား သံယောဇဉ်တွေ ရော နောက်ပြီးဟာသလေးတွေ လည်း ပါတယ်ဆိုတော့ လုပ်ပိုင် ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ လက်ခံ ဖြစ်ခဲ့တာပါ’’ဟု ထွန်းထွန်းက ပြောသည်။ ယခုနှစ်အပိုင်းအခြားများ တွင် အိမ်ထောင်ပြုနိုင်ခြေမရှိ သေးဘဲ လူပျိုကြီးပင်ဖြစ်သွားနိုင် သည်ဟု ဆိုသည်။

No comments:

Post a Comment