Monday, July 15, 2019

ရခိုင်ဒေသအရေးကိစ္စများ၌ လွှတ်တော်အမတ်များကိုယ်တိုင် သတင်းအမှားများ ပြောဆိုနေဟု တပ်မတော်တာဝန်ရှိသူပြော ဒေသခံများထံမှ စုံစမ်းပြီး ပြောကြားဟု ရခိုင်အမတ်တုံ့ပြန်

ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့ သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး  လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် သတင်းအမှားများကို  သံယောင်လိုက် ပြောဆိုနေ ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြော ကြားသည်။ ဇူလိုင် ၁၃ရက်တွင် ဘူးသီး တောင်မြို့နယ် နွားရုံတောင်ရွာ အနီး၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာရှိ ရွာသားများ၏ နေအိမ် အချို့မီးလောင်ခြင်းသည် တပ်မ တော်လက်ချက်ဟု စွပ်စွဲမှုနှင့် ပတ်သက်ပြီး တပ်မတော်က ပြန်လည်ရှင်းလင်းစဉ် အထက် ပါအတိုင်း ပြောကြားခြင်းဖြစ် သည်။



 ဇူလိုင် ၁၃ရက်မွန်းလွဲတွင် တပ်မတော်စစ်ကြောင်း နွားရုံ တောင်ရွာအနီးရောက်ရှိစဉ် AA ဘက်က တိုက်ခိုက်ခဲ့ကြောင်း၊  ယင်းဖြစ်စဉ်အတွင်း AA တပ်ဖွဲ့ ၀င် အလောင်းတစ်လောင်းနှင့် ပစ်ကျင်း ၁၆ ကျင်းခန့်တွေ့ရ ကြောင်း၊ တပ်မတော်စစ်ကြောင်း က လုံခြုံရေးဆောင်ရွက်စဉ်ကျေး ရွာအတွင်းရှိ နေအိမ်အချို့နှင့် တိရစ္ဆာန်များထားရှိရာနေရာ အ ချို့ကို AA က မီးရှို့၍ တပ်မတော် စစ်ကြောင်းကပင် မီးငြှိမ်းသတ် ခဲ့ရကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။

‘‘ရခိုင်သတင်းတွေနဲ့ ပတ် သက်ပြီးတော့ ကျွန်တော်တို့ တွေ့ရသလောက်တော့ ဖြစ်စဉ် ဖြစ်ရပ်တစ်ခုခု ဖြစ်လာပြီဆိုရင် အကုန်လုံးနီးပါးလောက် တပ်မ တော်အပေါ်ပဲ အပြစ်ပုံချတာပေါ့။  ဒီဖြစ်စဉ်ဖြစ်ရပ်မျိုးဆိုရင်လည်း မီးရှို့ပြီးထွက်ပြေးတဲ့လူက တစ် ယောက်၊ တိုက်ပွဲဖြစ်တာက တစ် ယောက်။ သို့သော်အရင်ဦးအောင် သတင်းလွှင့်တာပေါ့။ တချို့ လည်း ကျွန်တော်တို့ တွေ့ရပါ တယ်။ လွှတ်တော်အမတ်တွေ ကိုယ်တိုင်က သတင်းမှားကို သံ ယောင်လိုက်ပြီး ပြောတာတွေ့ရ တယ်။ ဒါတွေကတော့ ကျင့်ဝတ်နဲ့  သိပ်မညီဘူးလို့ တွေ့ရတယ်’’ဟု ၎င်းက ဆိုသည်။

ရသေ့တောင်မြို့နယ်  ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေကမူ ‘‘ကျွန်မတို့က တော့ သတင်းမတိကျရင်တော့ မပြောဘူး။ ဥပမာ အမျက်တောင် မှာ ၁၁ အိမ်မီးလောင်တာ။လောင် နေတဲ့အချိန်မှာ ရွာသားတွေ  ဖုန်းဆက်တယ်။ သေချာအောင် မေးတယ်ပေါ့။ ကိုယ်ကလည်း ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အ တွက် သတင်းမတိကျရင်တော့ ကျွန်မတို့ မပြောဘူး။ ရွာသား တစ်ယောက် လာပြောရင် အဲဒီ တစ်ယောက်ကို မယုံဘူး။ ကျန်တဲ့ အနီးက လူတွေကိုပါမေးပြီး သေ ချာအောင် လေ့လာတယ်’’ ဟု  ပြောသည်။

တပ်မတော်နှင့် AA တို့အ ကြား တိုက်ပွဲဖြစ်ပွားနေပြီး တစ် ဖက်နှင့်တစ်ဖက် စွပ်စွဲမှုများရှိ ကြောင်း၊ စစ်ကြောင့် ပြည်သူများ မြေစာပင် ဖြစ်နေရကြောင်း၊ မြေ ပြင်အခြေအနေသိသူများ၏ ပြော ကြားချက်များကိုလည်း ငြင်းဆို နေကြောင်း ၎င်းက ဆိုသည်။

‘‘အဖြစ်မှန်ကို သိဖို့အတွက် ဆိုရင် ကြားထဲက အဖွဲ့အစည်း တစ်ခုလိုအပ်တယ်လို့ ပြောချင် တယ်။ လွှတ်တော် ကိုယ်စားလှယ် တွေဟာ ရခိုင်တိုင်းရင်းသားတွေ  ဖြစ်နေတယ်။ AA ကလည်း  ရခိုင် ဖြစ်နေတယ်။ ဆိုတော့ ကျွန်မတို့  ပြောလိုက်သမျှ ဟိုဘက်ကို ဘက် လိုက်ပြီး ပြောဆိုတယ်ဆိုတဲ့ပုံစံ မျိုးဖြစ်နေတာကို သိရတယ်။ ဆို တော့ ကျွန်မတို့က မြေပြင်အခြေ အနေကို ပြောတာဖြစ်တယ်။ ဒါ ဟာ ဘယ်သူလုပ်တယ်၊မလုပ်ဘူး ဆိုတာကို လုပ်တဲ့သူကပဲသိမယ်’’ ဟု ဒေါ်ခင်စောဝေက ပြောသည်။ နွားရုံတောင်ရွာသားတစ်ဦး ကမူ ပစ်ခတ်သံများကြားပြီး နောက် တပ်မတော်သားများကျေး ရွာအတွင်း ၀င်ရောက်လာ ကြောင်း၊ နေအိမ်များ မီးလောင် ကျွမ်းမှုသည် တပ်မတော်သား များ၏ လက်ချက်ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြားသော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA ၏ လက်ချက်သာဖြစ်ပြီး တပ်မတော်က မီးငြှိမ်းသတ်ပေးခဲ့ ရသည်ဟု ပြောကြားထားသည်။

No comments:

Post a Comment