Monday, July 15, 2019

ဂျိမ်းရိုဒရီဂွတ်ဇ်ကိုခေါ်ယူရေး ရီးရဲလ်နှင့် ဆွေးနွေးညှိနှိုင်းမှု အချိန်ကြာမြင့်နိုင်ဟု အန်ဆယ်လော့တီ မျှော်လင့်

တိုက်စစ်မှူး ဂျိမ်းရိုဒရီ ဂွတ်ဇ်ကို နာပိုလီသို့ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်နှင့် ဆွေးနွေးညှိ နှိုင်းမှု အချိန်ကြာမြင့်လိမ့်မည်ဟု နာပိုလီနည်းပြ အန်ဆယ်လော့တီ က မျှော်လင့်နေသည်။ ရီးရဲလ်နှင့်ဘိုင်ယန်တွင် ရိုဒ ရီဂွတ်ဇ်နှင့် လက်တွဲဖူးသူ အန် ဆယ်လော့တီသည် အဆိုပါကိုလံ ဘီယာတိုက်စစ်မှူးကို ခေါ်ယူရန် စိတ်အားထက်သန်နေသည်။ သို့သော် ရိုဒရီဂွတ်ဇ်အ တွက် ဈေးနှုန်းတောင်းဆိုမှုကို လျှော့ချရမည်ဟု နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တစ်က ရီးရဲလ်အား ပြောကြားထားသည်။


သို့သော် သဘောတူညီချက် ရရှိမည်ဟု ဒီလော်ရန်တစ်က ယုံ ကြည်နေစဉ် အန်ဆယ်လော့တီ က ရိုဒရီဂွတ်ဇ်နှင့် အဆက်အ သွယ်ပြုလုပ်ခဲ့သည်။

‘‘ရိုဒရီဂွတ်ဇ်ဟာ ဗဟိုတိုက် စစ်မှူးရဲ့နောက်က နေရာအ မြောက်အမြားများမှာ ကစားနိုင် ပါတယ်။ သူဟာတိုက်စစ်မှူး၊ ဒါ မှမဟုတ် တောင်ပံကစားသမား တစ်ဦးရဲ့ နောက်မှာ ကစားလေ့ ရှိတဲ့ တိုက်စစ်မှူးစစ်စစ် တစ် ယောက်ပါ’’ ဟု အန်ဆယ်လော့တီ က ပြောသည်။

‘‘မကြာခင်ကပဲ မွေးနေ့ဆု တောင်းကို သူ့ဆီပို့ခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေမှာ တိုး တက်မှုရှိပါတယ်။ အချိန်တော့ ကြာမယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လျှော့မှာမဟုတ်ပါဘူး။ ဒီကိစ္စအလုပ်မဖြစ်ရင်လည်း ကျွန် တော်တို့အသင်းက တောင့်တင်း နေတုန်းဖြစ်ပြီး နောက်ထပ်ပစ် မှတ်ကို ရှာကောင်းရှာရမှာပေါ့’’ ဟု အန်ဆယ်လော့တီက ဆက် လက်ပြောသည်။

နာပိုလီသည် အင်တာမှ ထွက်ခွာလိုကြောင်း ပြောသော တိုက်စစ်မှူး မော်ရိုအိုင်ကာဒီကို လည်း ခေါ်ယူရန် ချိတ်ဆက်နေ သည်ဟု ဆိုသည်။ ထိုအတောအတွင်း ဘာစီ လိုနာသို့ ထွက်ခွာသော တိုက်စစ် မှူး ဂရစ်ဇ်မန်း၏နေရာတွင် အ စားထိုးရန် အက်သလက်တီကို မက်ဒရစ်သည် ရိုဒရီဂွတ်ဇ်ကို ခေါ်ယူရန် နီးစပ်နေကြောင်း အား ကစားသတင်းဌာနများက ဖော်ပြ သည်။

No comments:

Post a Comment