
ဂါဇာကမ်းမြှောင်ရှိ စစ်သွေးကြွတွေက ယမန်နေ့ မေ ၄ ရက်မှာ အစ္စရေးဘက်ခြမ်းကို ဒုံးကျည် အစင်း ၂၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် အစ္စရေးတို့ကလည်း ပါလက်စတိုင်း နယ်မြေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ တင့်ကား ပစ်ခတ်မှုတွေနဲ့အတူ ပြန်လည် လက်တုန့်ပြန်ခဲ့ပါတယ်။ ယင်း အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဂါဇာဘက်ခြမ်းက ဟားမားစ် စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးတစ်ဦး ဗုံးဆန်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ တစ်ဘက်မှာလည်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်နဲ့ ကလေး သားအမိနှစ်ဦးအပါအဝင် ပါလက်စတိုင်း လေးဦး သေဆုံးသွားကြောင်း ဂါဇာ တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လည်း နှစ်ဘက်အကြား ရရှိထားတဲ့ အပစ်ရပ် သဘောတူထားမှုကလည်း တစ်ဖန် ပြန်လည် ပျက်ပြားသွားခဲ့ရပြီ ဖြစ်ပါတယ်။
No comments:
Post a Comment