
သိမ်းဆည်းခံမြေယာများပြန်လည်ရရှိရေးနှင့် ဓားမဦးချတောင်သူပိုင်မြေယာများအမြန်ဆုံးပြန်လည်ရရှိရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ယူဖြေရှင်းပေးရန်ဟုဆိုကာ ကန့်ဘလူခရိုင် ဘူးကုန်းဒေသရှိ တောင်သူလယ်သမား တစ်ရာကျော်ခန့်က ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့ မြို့တော်ခန်းမမှ စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ကြပြီး မုံရွာမြို့ ကားလေးကွင်းရှေ့တွင် အဆုံးသတ်ခဲ့ကြသည်။ "ကန့်ဘလူခရိုင် ဘူးကုန်းဒေသမှာ သပိတ်စခန်း ပြုလုပ်ထားပြီး တိုင်းဒေသကြီးအစိုးရမှ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရန် ဆောင်ရွက်ဖြေရှင်းမှု မရှိ မခြင်း ဆန္ဒဖော်ထုတ်သွားမှာပါ”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူတောင်သူတစ်ဦးမှ ပြောသည်။
No comments:
Post a Comment