
“ဒီမှာက ရုပ်ပြစာအုပ်တွေက အရင်တုန်းက နိုင်ငံတကာမှာ ဦးဆောင်ခဲ့တဲ့အနေအထားပါ။ အခုကတော့ ရေးတဲ့သူကလည်း နည်းသွားတယ်။ ထုတ်ဝေသူတွေကလည်းမထုတ်တော့တဲ့အခါကျတော့ စာအုပ်တွေက ထွက်တော့ထွက်တယ်။ ရာခိုင်နှုန်းအားဖြင့် အများကြီးနည်းသွားတာပေါ့။ ဒီလို Comic Book Free Day လို နေ့မျိုးမှာ ကျွန်တော်တို့က လာတဲ့သူတွေကို စာအုပ်တွေအလကားပေးချင်ပါတယ်။
ဒါပေမဲ့ အလကားပေဖို့ နေနေသာသာ ထွက်ရှိဖို့ကို အသည်းအသန်းကြိုးစားနေရတယ်”ဟု “ငါတို့စာပေ” စာအုပ်တိုက်မှ ထုတ်ဝေသူ ကိုမြေမှုန်လွင်က ပြောသည်။ မြန်မာနိုင်ငံတွင် ကလေးများမှာ စာဖတ်ဝါသနာ မပါခြင်းမဟုတ်ဘဲ ကလေးများ စိတ်ဝင်စားမည့် ရုပ်ပြစာအုပ်များကို မထုတ်နိုင်ခြင်းသာ ဖြစ်ကြောင်း ကာတွန်းဆရာ ဆရာအော်ပီကျယ်ကလည်း ပြောကြားထားသည်။
ရုပ်ပြစာအုပ်များတွင် ဘိုဘို၊ တွပ်ပီ၊ သမိန်ပေါသွပ်၊ ဓမ္မရုပ်ပြစာအုပ်များမှာ လစဉ်ပုံမှန်ထွက်ရှိနေကြောင်း နေစေးစာပေမှ သိရသည်။ ယခုပြုလုပ်သည့် ရုပ်ပြစာအုပ်ဆွေးနွေးပွဲများကို မေလ (၄)ရက်တိုင်း နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment