ထို့ကြောင့် ဆန္ဒပြပွဲတွင် ပါ ဝင်သော အမျိုးသားရေးလှုပ်ရှား သူဆိုသူများက ထိုသုံးဦးအားဝိုင်း ဝန်းထိုးကြိတ်ခဲ့သည်။ အဆိုပါ သုံးဦးက ထွက်ပြေးရာ ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ကျောက်တံ တားရဲစခန်းသို့ ခေါ်ဆောင်လာ ဆန္ဒပြရာ၌ပါဝင်သူများက လိုက် လံထိုးကြိတ်ခဲ့သည်။
ထို့အပြင် လိုက်လံသတင်း ယူသော သတင်းထောက်များကို လည်း အမျိုးသားရေးလှုပ်ရှားသူ ဟုဆိုသူများက ညစ်ညမ်းစွာ ဆဲ ဆိုသည့်အပြင် ရန်စခြင်းများ လည်း ပြုလုပ်ခဲ့သည်။
ဖမ်းဆီးခံရသူ သုံးဦးသည် ကျောက်တံတားမြို့နယ်မှ ဒီချုပ် ပါတီဝင်တစ်ဦး ပါဝင်ပြီး တောင် ဒဂုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် နေထိုင်သောပြည်သူ တစ်ဦးဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် ဆန္ဒပြပွဲ၌ ဆရာတော်ဦးဝီရသူ၊ ဦးလှဆွေ၊ ကိုဝင်းကိုကိုလတ်နှင့် ဦးအောင်ကျော်ဆန်းတို့က ဟော ပြောခဲ့သည်။ ကိုဝင်းကိုကိုလတ် ဟောပြောစဉ် လျှပ်စစ်မီးပြတ် နေခြင်းနှင့်ပတ်သက်ပြီး ‘မီးမှန် မှန်ရအောင် လုပ်ရမယ်’ ဟု ရေးသားထားသည့် စာရွက်ကိုင် ဆောင်ကာ ဖယောင်းတိုင်မီးထွန်း ၍ ဆန္ဒပြခဲ့သည်။
‘‘ဥပမာစီမံကိန်းတစ်ခုကို စွန့်စားပြီး လုပ်ကိုင်တော့မယ်ဆို ရင် ပြည်သူကိုချပြတယ်။ စေတ နာကောင်းနဲ့ လုပ်တာပဲ။ ဒါပေမဲ့ ကံဆိုးတယ်။ မအောင်မြင်ဘူး။ မ အောင်မြင်တဲ့အခါ ပြည်သူကို တောင်းပန်တဲ့ကျင့်ဝတ်၊ တောင်း ပန်ရုံနဲ့ မပြီးသေးဘူး နုတ်ထွက် ပေးရတယ်။ ဒီမိုကရေစီကျင့်ဝတ် ပါ။ ဒီကနေ့ အရပ်သားအစိုးရ ဒီကျင့်ဝတ်တွေနဲ့ ဘယ်နှယောက် တောင်းပန်ပြီး ဘယ်နှစ်ယောက် နုတ်ထွက်သွားပြီလဲ’’ ဟု ဆရာတော် ဦးဝီရသူကဟောပြောသည်။ ဦးလှဆွေကလည်း ဝန်ကြီးဌာန အသီးသီး၌ နိုင်ငံခြားသား ၉၀ ရောက်ရှိနေပြီး ထိုနိုင်ငံခြားသား များကို လစာ ၄၅ သိန်းထိပေး ဆောင်နေရကြောင်း ဟော ပြောသည်။
No comments:
Post a Comment