ယင်းဇာတ်ကားတွင် ၎င်း အပါအဝင် ထွန်းထွန်း၊ ယုသန္တာ တင်၊ ချောကလျာနှင့် ချစ်စနိုးစုတို့ အဓိက ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ဇာတ်ကားရိုက်ကူးရေး လေ့ လာမှုအနေဖြင့် ကိုရီးယားကား နှင့် အိန္ဒိယကားများ ကြည့်ဖြစ် သည်ဟု ဆိုသည်။ ‘‘သူတို့ အက်တင်က ကိုယ် တွေ ဗမာနဲ့ ပိုနီးစပ်တယ်လို့ ခံစား ရတယ်။ ဒရာမာလေးတွေများ တယ်။ သူတို့ သရုပ်ဆောင်ချက် တွေက ကိုယ်တွေနဲ့ ပိုနီးစပ်တဲ့အ တွက် အဲဒါလေးတွေကြည့်ပြီး လေ့လာဖြစ်တယ်’’ဟု ရတနာဗို က ဆိုသည်။
လက်ရှိတွင် ချစ်သူရှိသော် လည်း အိမ်ထောင်ရေးနှင့် ပတ် သက်ပြီး မိမိနှင့် မသက်ဆိုင်သည့် နယ်ပယ်တစ်ခုဟု သတ်မှတ်ထား ကြောင်း ၎င်းက ပြောသည်။ ‘‘မယူဘူးတော့ မပြောပါ ဘူး။ ဒါပေမဲ့ အခုချိန်မှာ အဲဒီ ဘက်နဲ့ ပတ်သက်တဲ့အပူတွေ၊ ခံစားမှုတွေ ဘာမှ လက်မခံချင် သေးဘူး။ အဓိက ကိုယ့်အလုပ်၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း တွေနဲ့ပဲ ပျော်နေရတာ ကိုယ့်အ တွက် ပြည့်စုံတယ်။ အခုခေတ်က ဗီဒီယိုတွေမကောင်း၊ ရုပ်ရှင်တွေ ခေတ်မကောင်းဖြစ်နေတဲ့အချိန် မှာ ကိုယ်အလုပ်ကို ဘယ်လိုလုပ် ရမလဲ၊ ဘယ်လိုရပ်တည်ရင် ရေ ရှည်မှာ အဆင်ပြေမလဲ။ ကိုယ်က သရုပ်ဆောင်နေရမှ ပျော်တာ၊ စိတ်ချမ်းသာတာဆိုတော့ အလုပ် နဲ့ ပတ်သက်ပြီး ဘယ်လိုကြိုးစားရ မလဲ။ ကိုယ့်မိသားစုနဲ့ ပတ်သက် ပြီး ဘယ်လိုအဆင်ပြေအောင် နေ ရမလဲဆိုတာပဲ တွေးဖြစ်ပါတယ်’’ ဟု ရတနာဗိုက ပြောသည်။
No comments:
Post a Comment