
"သေနေတာကို ဒေသခံတွေက ဆယ်ထားတာ ။ ကျွန်တော်တို့ သွားကြည့်တော့ အရည်ခွံတွေလန်နေပြီ ။ ဒဏ်ရာတွေလည်းတွေ့တယ် ။ ဒဏ်ရာကတော့ သေဆုံးပြီးရင်လည်း ဒိုက်တွေထိမိရင်လည်း ဖြစ်တတ်တယ်" ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်း က ပြောသည် ။
ထို့အပြင် သပိတ်ကျင်းမြို့သည် ရွှေသတ္တုလုပ်ငန်းသုံး ဓာတုဆေးများ ၊ စိုက်ပျိုးရေးသုံး ဆေးဝါးများ စသည်တို့ သုံးစွဲကြပြီး သက်တမ်းနုနယ်သေးသည့် လင်းပိုင်အတွက် ခံနိုင်ရည်မရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည် ။
သေဆုံးသည့် ဧရာဝတီလင်းပိုင်အား သယ်ဆောင်ခဲ့ပြီး မြစ်သဲ သေချာဖုံးအုပ်၍ အရိုးငြမ်းရနိုင်အောင် ဆောင်ရွက်ထားကြောင်း သိရသည် ။
ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီလင်းပိုင်သေဆုံးမှု (၂) ကြိမ်ရှိပြီဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကျေးရွာ အရှေ့ဘက်ကိုင်းတောအတွင်းတွင် ဧရာဝတီလင်းပိုင်သေတစ်ကောင်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၂၆ ရက်က တွေ့ရှိခဲ့သည် ။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲက မန္တလေး - ဗန်းမော် ဧရာဝတီလင်းပိုင်းကောင်ရေ စစ်တမ်းကောက်ယူမှုအရ ဧရာဝတီလင်းပိုင် (၇၂) ကောင်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။
No comments:
Post a Comment