Pages
Monday, May 6, 2019
Fani ဆိုက်ကလုန်းကြောင့် လူ ၄၂ ဦး သေဆုံး
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုက်သွားတဲ့ Fani ဆိုက်ကလုန်းမုန်တိုင်းကြောင့် လူ ၄၂ ယောက်သေဆုံးရပြီး မုန်တိုင်းကြောင့် ပြတ်တောက်သွားတဲ့ ရေဖြန့်ဝေရေးစနစ်နဲ့ လမ်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အမြန်ပြင်ဆင်နေကြပါတယ်။ အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်မှာ လူ ၂၉ ယောက်သေဆုံးရပြီး ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၃ ယောက် သေဆုံးရတယ်လို့ နှစ်နိုင်ငံက တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းအားပျော့မသွားခင် တနာရီ ၁၂၅ မိုင်နှုန်းနဲ့ သောကြာနေ့က တနာရီကြာတိုက်ခဲ့ပါတယ်။ မိုးကြိုးပစ်လို့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၆ ဦးသေဆုံးရပါတယ်။ အိန္ဒိယက ဟိန္ဒူဘုရားဖူးတွေလာကြတဲ့ Puri မြို့မှာတင် မုန်တိုင်းကြောင့် လူ ၂၁ ယောက် သေဆုံးရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment