စရိုက်ရုပ်ရှင်တွင် ခိုင်သင်း ကြည်က ရပ်ကွက်ထဲမှ ဆတ် ဆတ်ကြဲအမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးမေလ ၃၀ ရက် စတင်ရုံတင်ပြသမည် ဖြစ်သည်။ ယင်းဇာတ်ကားတွင် လူမင်း၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုနှင့် ခိုင်သင်းကြည် တို့က အဓိကပါဝင်သရုပ်ဆောင် ထားသည်။ ‘‘မခိုင်လည်း မင်းသမီးသာ ဖြစ်တာ၊ ဟန်တွေဆောင်ပြီးမ ပြောတတ်ဘူး။ ရှုတင်မှာနေရင် လည်း မင်းသမီးလိုမနေဘူး။ စက်အဖွဲ့တွေနဲ့ စကားပြောစရာ ရှိလည်းပြော၊ ဆော့စရာရှိရင်ဝင် ဆော့တာ’’ ဟု ခိုင်သင်းကြည်က ပြောသည်။ ထို့အပြင် ယင်းဇာတ်ကား တွင် အတူပါဝင်သရုပ်ဆောင် သည့် ကျော်ထက်အောင်ကိုလည်း ဇာတ်ရုပ်အတွက်အကြံပေးဖြစ် ကြောင်း ခိုင်သင်းကြည်က ပြော သည်။
‘‘အဲဒီကားမှာ ကျော်ထက် အောင်ကိုအဲဒီနေရာမှာထားမယ် ဆိုတော့အကုန်လုံးက စိတ်ပူကြ တယ်။ ကျော်ထက်အောင်က စမတ်အရမ်းကျပြီး စင်ပေါ်မှာ Presenter လုပ်နေတာဆိုတော့ တင်မောင်ဝင်းကာရိုက်တာကသူ နဲ့တခြားစီပဲ။ အဲဒါကို စိတ်ပူ တယ်။ သူကိုယ်တိုင်လည်း စိတ် ပူတယ်။ အဲဒါကြောင့် သူ့ကို ဆံ ပင်ဆိုလည်း မဖြီးနဲ့၊ ဖြစ်သလို နေ။ စကားပြောတာကအစပညာ တတ်တဲ့ပုံစံအဆင့်ရှိရှိ မပြော နဲ့လို့အကြံပေးဖြစ်တယ်’’ ဟု ပြောသည်။
ယင်းဇာတ်ကားရိုက်ကူးချိန် တွင် ကျော်ထက်အောင်ကလည်း ၎င်းပြောထားသည်ထက် သေ သေချာချာ ပြင်ဆင်လာသော ကြောင့် ပရိသတ်များအနေဖြင့် ပြင်ပမှ ကျော်ထက်အောင်နှင့် မတူညီသည့် ဇာတ်ရုပ်ကိုတွေ့ မြင်ရမည်ဟု ခိုင်သင်းကြည်က ပြောသည်။ လတ်တလောတွင် စာရေး ဆရာမခင်ခင်ထူး၏ ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နား တောင်းဆင်ဝတ္ထုကို ၎င်းတို့၏ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်းတွဲရိုက်ကူးမည်ဖြစ်ပြီး ၎င်းကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရန် ရှိကြောင်း ခိုင်သင်းကြည်က ပြောသည်။
No comments:
Post a Comment