လက်ရှိမှာ သမ္မတမန်နျူရယ် လိုပက်ဇ်အိုဘရာဒေါ ဦးဆောင်တဲ့ မက္ကဆီကို အစိုးရဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေး မဟာဗျူဟာ တစိတ်တပိုင်းအနေနဲ့ ဆေးခြောက် တရားဝင် သုံးစွဲခွင့်ပေးဖို့ သုံးသပ်နေတဲ့ အရိပ်အခြေပြခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အာဂျင်တီးနားနိုင်ငံမှာတော့ ဆေးခြောက်အဆီကို ဆေးကုတဲ့နေရာမှာ သုံးဖို့နဲ့ သုတေသနလုပ်ငန်းအတွက် ဆေးခြောက်ပင်စိုက်ဖို့ တရားဝင် ခွင့်ပြုမယ့် ဥပဒေကြမ်းတစ်ခုကို ၂၀၁၇ ခုနှစ်က လွှတ်တော်မှာ အပြီးသတ် အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အဲဒီဥပဒေကြမ်းကို အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေပါတယ်။
No comments:
Post a Comment