
အမိုးပေါ်မှာ အပင်ငယ်များ စိုက်ပျိုးထားတဲ့ ဘတ်စ်ကား ၁၀ စီးကို အနည်းဆုံး သုံးလကြာ စမ်းသပ်ပြေးဆွဲသွားမယ်လို့ဆိုပါတယ်။ ဘတ်စ်ကားလမ်းကြောင်းတွေအနက် Central Business District ကို ဖြတ်သန်းမယ့်လမ်းကြောင်းနဲ့ Orchard လမ်းကို ဖြတ်သန်းမယ့်လမ်းကြောင်းတို့ပါဝင်တယ်လို့ CNA သတင်းကပြောပါတယ်။ စိမ်းလန်းစိုပြည်တဲ့အမိုး တပ်ဆင်ထားတဲ့ ဘတ်စ်ကားခကိုတော့ ပုံမှန် ဘတ်စ်ကားတွေအတိုင်းသာ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
သုံးလကြာ စမ်းသပ်ပြေးဆွဲမှုအတွင်း အမိုးပေါ်မှာ အပင်များစိုက်ပျိုးထားပြီး စိမ်းလန်းစိုပြည်နေစေခြင်းဖြင့် ဘတ်စ်ကားအတွင်း အပူချိန်လျော့နည်သွားခြင်းရှိ မရှိ၊ ဘတ်စ်ကားလေအေးပေးစက်အတွက် လောင်စာဆီအသုံးပြုမှု လျှော့ချနိုင်ခြင်းရှိ မရှိတို့ကို ဆန်းစစ်လေ့လာသွားမယ်လို့ GWS Living Art, Moove Media, National Parks Board (NParks), Singapore Green Building Council (SGB C) နဲ့ Temasek Foundation တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘတ်စ်ကားအမိုးပေါ်မှာ စိုက်ပျိုးထားတဲ့ အပင်ငယ်တွေကို သမားရိုးကျ မြေကြီးနဲ့မဟုတ်ဘဲ မိုးမျှော်တိုက်တွေမှာ အလှစိုက်အပင်တွေ စိုက်ပျိုးထားရှိတဲ့ နည်းစနစ်ဖြင့် စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဆန်းစစ်လေ့လာရန်အတွက် ဘတ်စ်ကားတစ်စီးစီရဲ့အမိုးပေါ် အနောက်ဘက်ပိုင်းနေရာမှာ အပင်စိုက်ကွက်တွေကို တပ်ဆင်ထားထားကြောင်း Straits Times သတင်းမှာဖော်ပြပါတယ်။
No comments:
Post a Comment