အောင်ပါစေသီချင်းသည် ငယ်စဉ်ကတည်းက ကြိုက်နှစ် သက်ခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ် သောကြောင့် ကိုယ်တိုင်သီဆို ရချိန်တွင် အစိမ်းသက်သက် ဖြစ်မနေကြောင်း ဒေါင်းက ပြောသည်။
‘‘ဆိုတဲ့အသံက သူများအသံ နဲ့ဆိုရင် ဒီဇာတ်ကောင်ရဲ့ အဓိပ္ပာယ်က လွဲသွားမယ်။ ဒီ ဇာတ်ကောင်ရဲ့မုဒ်ဖြစ်အောင်ဆို ခဲ့တာပါ’’ ဟု သီချင်းကို ကိုယ် တိုင်သီဆိုဖြစ်ခဲ့သည့် အကြောင်း ကိုပြောသည်။
ထို့အပြင် ယင်းဇာတ်ကား တွင် ပါဝင်သည့် အဓိကကကွက် ကိုလည်း ယင်းဇာတ်ဝင်ခန်းရိုက် ကူးသည့်နေ့၌ အကဆရာမလာ သောကြောင့်အဆိုပါကကွက်ကို ၎င်းကိုယ်တိုင်ကြိုးစား၍ ကပြခဲ့ ခြင်းဖြစ်ကြောင်း ဒေါင်းကဆို သည်။
လေဆန်ကကြိုး ရုပ်ရှင် သည် ၎င်းအတွက် ဒုတိယမြောက် ရုံတင်သည့် ရုပ်ရှင်ဖြစ်သော် လည်း ရုပ်ရှင်အနေဖြင့် ပထမဆုံး ရိုက်ကူးခဲ့သည့် ဇာတ်ကားဖြစ် ကြောင်း ဇာတ်ကားရုံတင်ချိန် တွင် ကွယ်လွန်သွားပြီဖြစ်သည့် ယင်းဇာတ်ကား၏ ဒါရိုက်တာမျိုး မြင့်ဆွေကို သတိရကြောင်း ဒေါင်းကပြောသည်။
လေဆန်ကကြိုး ရုပ်ရှင် ဇာတ်ကားကို မေလ ၉ ရက်တွင် စတင်ရုံတင်ပြသမည်ဖြစ်ပြီးယင်း ဇာတ်ကားတွင် ဒေါင်း၊ ရန် အောင်၊ ဇင်ဝိုင်း၊ အောင်လေး၊ Leo၊ အိန်ဂျယ်လမုန်နှင့် Alice Ong တို့ အဓိကပါဝင်သရုပ် ဆောင်ထားသည်။ ယင်းဇာတ်ကားတွင် ဒေါင်း ကမြန်မာ့ရိုးရာနှင့်ခေတ်ပေါ်အက အပေါ်ရူးသွပ်သည့် လူငယ်တစ် ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထား သည်။ လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် စာရေးဆရာ မဂျူး၏ မိန်းမတစ်ယောက်ရဲ့ဖွင့် ဟ၀န်ခံချက် ၀တ္ထုကိုသရုပ်ဆောင် ပိုင်ဖြိုးသုနှင့်အတူ ရိုက်ကူးလျက် ရှိသည်။
No comments:
Post a Comment